ဣ သ ရေ လ ဘု ရင် ဖတ် ကြည့် သော အ ခါ ဝတ် လဲ တော် ကို ဆုတ် လျက် နူ နာ ပျောက် ကင်း စေ ရန် ဤ သူ့ ကို ပို့ လိုက် သည် မှာ အ သက် ပေး ပိုင် နုတ် ပိုင် သော ဘု ရား ငါ ဖြစ် ပါ သ လော။ ထို မင်း ရန် ရှာ ကြောင်း ကို သိ မှတ် ကြ လော့ ဟု ဆို ၏။
ထွက်မြောက် 4:8 - Garrad Bible ထို သူ တို့ သည် သင့် ကို မ ယုံ၊ ပ ဌ မ လ က္ခ ဏာ သက် သေ ကို မ နာ ခံ လျှင် နောက် ဖြစ် သော လ က္ခ ဏာ သက် သေ ကို ယုံ ကြ လိမ့် မည်။ Common Language Bible ``ဣသရေလအမျိုးသားတို့သည်သင့်ကို မယုံ၊ သင်ပထမဦးစွာပြသောသက်သေ ကိုလည်းလက်မခံလျှင်သင်၏ဒုတိယသက် သေကိုလက်ခံကြလိမ့်မည်။- Judson Bible ထိုသူတို့သည်သင့်ကိုမယုံ၊ ပထမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သောနိမိတ်သက်သေကို ယုံကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “အကယ်၍ သူတို့သည် သင့်ကိုမယုံ၊ ပထမနိမိတ်လက္ခဏာကိုလည်း မယုံလျှင် နောက်နိမိတ်လက္ခဏာကိုကား ယုံကြလိမ့်မည်။ |
ဣ သ ရေ လ ဘု ရင် ဖတ် ကြည့် သော အ ခါ ဝတ် လဲ တော် ကို ဆုတ် လျက် နူ နာ ပျောက် ကင်း စေ ရန် ဤ သူ့ ကို ပို့ လိုက် သည် မှာ အ သက် ပေး ပိုင် နုတ် ပိုင် သော ဘု ရား ငါ ဖြစ် ပါ သ လော။ ထို မင်း ရန် ရှာ ကြောင်း ကို သိ မှတ် ကြ လော့ ဟု ဆို ၏။
ထို အ ရှင် သည်၊ နာ ကျင် ခြင်း နှင့် ပတ် စည်း ခြင်း စီ ရင်၍၊ ထိ ပါး ခြင်း နှင့် သက် သာ ခြင်း ကို လည်း၊ လက် တော် ဖြင့် ပြု တော် မူ၏။
မော ရှေ သည် ထာ ဝ ရ ဘု ရား စေ ခိုင်း တော် မူ သော ဗျာ ဒိတ် တော် အ လုံး စုံ ကို လည်း ကောင်း၊ မိန့် မှာ တော် မူ သော လ က္ခ ဏာ သက် သေ အ ပေါင်း ကို လည်း ကောင်း အာ ရုန် အား ကြား ပြော လေ ၏။
တစ် ဖန်၊ သင့် လက် ကို ရင် ခွင် သို့ သွင်း ဦး လော့ ဟု မိန့် တော် မူ သ ဖြင့် လက် ကို ရင် ခွင် သို့ သွင်း၍ ထုတ် ရာ အ သား မှန် ဖြစ် ပြန် လေ ၏။
ထို လ က္ခ ဏာ သက် သေ နှစ် ရပ် ကို မျှ မ ယုံ၊ သင့် စ ကား ကို လည်း မ နာ ခံ သေး လျှင် နိ လ မြစ် ရေ ကို ခပ် ယူ၍ ကုန်း ပေါ် သို့ သွန်း လောင်း လော့။ ထို သို့ မြစ် ထဲ မှ ခပ် ယူ သော ရေ သည် ကုန်း ပေါ် တွင် သွေး ဖြစ် လိမ့် မည် ဟု မိန့် တော် မူ ၏။
အ မှာ အ ထပ် ထပ်၊ အ ထား အ ထပ် ထပ်။ အ မှာ အ ထပ် ထပ်၊ အ ထား အ ထပ် ထပ်။ ဤ မှာ တ စိုး တ စိ၊ ဟို မှ တ စိုး တ စိ သင် ကြား သည် တ ကား ဟု ဆို ရာ ၌၊
စဉ်း စား ကြ ဦး။ အ ခြား မ ဟုတ်။ ငါ သာ လျှင် ဘု ရား ဖြစ်၏။ ငါ သာ လျှင် အ သက် ပေး ခြင်း နှင့် နုတ် ခြင်း ကိုလည်း ကောင်း၊ ထိ ပါး ခြင်း နှင့် ကု သ ခြင်း ကိုလည်း ကောင်း၊ စီ ရင်၏။
ဂိ ဒေါင် က မျက် မှောက် တော် တွင် အ ကျွန်ုပ် မျက် နှာ သာ ရ ပါ မူ အ ကျွန်ုပ် အား ဗျာ ဒိတ် ပေး သော အ ရှင် သည် ကိုယ် တော် ပင် ဖြစ် ကြောင်း နိ မိတ် လ က္ခ ဏာ ပြ တော် မူ ပါ။