လူ မျိုး ခြား တို့ တွင် အ ဖြစ် အ ပျက် ကို၊ ရှု ကြည့် မှတ် သား ၍ အံ့ အား သင့် လျက် နေ ကြ လော့။ ကြား ၍ မ ယုံ နိုင် သော အ မှု ကို၊ သင် တို့ လက် ထက် ၌ ပင်၊ ငါ စီ ရင် မည်။
တမန်တော်ဝတ္ထု 8:13 - Garrad Bible ရှိ မုန် ကိုယ် တိုင် လည်း ယုံ ကြည် လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး နောက် ဖိ လိ ပ္ပု ကို ဆည်း ကပ် လျက် နိ မိတ် လ က္ခ ဏာ များ၊ ကြီး စွာ သော အံ့ ဖွယ် ရာ များ ကို ကြည့် မြင် ရ၍ အံ့ သြ မိန်း မော လေ၏။ Common Language Bible ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။ Judson Bible ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကိုခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက် ရှိလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်ကိုယ်တိုင်ပင် ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာခံယူပြီးမှ ဖိလိပ္ပုထံ မှီဝဲဆည်းကပ်၍ နိမိတ်လက္ခဏာများနှင့် ကြီးမားသောအံ့ဖွယ်တန်ခိုးများ ဖြစ်ပေါ်သည်ကို မြင်တွေ့ရသောအခါ အံ့ဩလျက်ရှိ၏။ |
လူ မျိုး ခြား တို့ တွင် အ ဖြစ် အ ပျက် ကို၊ ရှု ကြည့် မှတ် သား ၍ အံ့ အား သင့် လျက် နေ ကြ လော့။ ကြား ၍ မ ယုံ နိုင် သော အ မှု ကို၊ သင် တို့ လက် ထက် ၌ ပင်၊ ငါ စီ ရင် မည်။
ယော ဟန့် ထံ သွား ရောက်၍ အ ပြစ် ဝန် ချ လျက် ယော် ဒန် မြစ်၌ သူ့ လက် ဖြင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ၏။
ယုံ ကြည် သူ တို့ ရ အံ့ သော နိ မိတ် လ က္ခ ဏာ များ ကား ငါ့ နာ မ နှင့် နတ် များ ကို နှင် ထုတ် ခြင်း၊ ဘာ သာ စ ကား ထူး ပြော ဆို ခြင်း၊
ကျောက် ပေါ် တွင် ကျ သူ တို့ မှာ တ ရား တော် ကို ကြား သော် ရွှင် လန်း စွာ နာ ယူ သော် လည်း အ မြစ် မ စွဲ သ ဖြင့် ခ ဏ မျှ သာ ယုံ ကြည်၍ စုံ စမ်း ခြင်း ခံ ရ သည့် ကာ လ ဖောက် ပြန် သူ များ ဖြစ် ၏။
ခမည်းတော်သည် သားတော်ကိုချစ်၍ ကိုယ်တော်တိုင်ပြုတော်မူသမျှကိုပြသတော်မူ၏။ သင်တို့အံ့သြရစေခြင်းငှါ ယခုထက်ကြီးမြတ်သောအမှုများကိုလည်း သားတော်အားပြသတော်မူသည်မှာ၊
နောက် ဥ ပုသ် နေ့ ကျ ရောက် သော် ဘု ရား သ ခင်၏ တ ရား တော် ကို ကြား နာ ရန် မြို့ လုံး ကျွတ် မ တတ် စု ရုံး လျက် ရှိ ကြ ရာ၊
ပေါ လု လက် ဖြင့် အံ့ ဖွယ် ရာ အ ထူး အ ဆန်း များ ကို ဘု ရား သ ခင် ပြု တော် မူ သည် ဖြစ်၍၊
ဗိ မာန် တော် ရှိ တင့် တယ် တံ ခါး အ နီး တောင်း စား သူ ဖြစ် ကြောင်း မှတ် မိ သ ဖြင့် သူ၌ ဖြစ် သော အ ခြင်း အ ရာ ကို များ စွာ အံ့ သြ မိန်း မော ကြ ၏။
တ ရား တော် ဆိုင် ရာ ပိုင် စု နှင့် ဝေ ပုံ ကို မျှ သင် ရ သည် မ ဟုတ်။ စိတ် နှ လုံး လည်း ဘု ရား သ ခင့် ရှေ့ မ ဖြောင့်။