အာ ဗြံ က လည်း၊ ငါ တို့ သည် ဆွေ သား မျိုး ချင်း ဖြစ်၍ ငါ နှင့် သင် ၌ လည်း ကောင်း၊ ငါ့ နွား ကျောင်း နှင့် သင့် နွား ကျောင်း တို့ ၌ လည်း ကောင်း ခိုက် ရန် မ ရှိ ပါ စေ နှင့်။
တမန်တော်ဝတ္ထု 7:26 - Garrad Bible နောက် နေ့၌ ခိုက် ရန် ဖြစ် လျက် နေ သူ တို့ ရှိ ရာ သို့ ရောက် သော် အ ချင်း တို့၊ သင် တို့ သည် ညီ အစ် ကို ချင်း ဖြစ် လျက် အ ဘယ် ကြောင့် တစ် ယောက် ကို တစ် ယောက် မ တ ရား သ ဖြင့် ပြု ကြ သ နည်း ဟု ဖျန် ဖြေ လို၍ ဆို သည့် ကာ လ၊ Common Language Bible နောက်တစ်နေ့၌ဣသရေလအမျိုးသား နှစ်ယောက်ခိုက်ရန်ဖြစ်လျက်နေကြသည်ကို တွေ့လျှင် မောရှေက`သင်တို့သည်ညီအစ်ကိုချင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့်ခိုက်ရန်ဖြစ် နေကြပါသနည်း' ဟုဆို၍ဖျန်ဖြေ၏။- Judson Bible နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင်သည်ရှိသော်၊- မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်တစ်နေ့တွင် အစ္စရေးလူမျိုးနှစ်ဦး ရန်ဖြစ်နေချိန် မောရှေသည်သွား၍ ‘သင်တို့သည် ညီအစ်ကိုချင်းဖြစ်လျက် အဘယ်ကြောင့် အချင်းချင်း ရန်ဖြစ်ကြသနည်း’ ဟု ဆိုကာ သူတို့အား ဖျန်ဖြေရန် ကြိုးပမ်းလေ၏။ |
အာ ဗြံ က လည်း၊ ငါ တို့ သည် ဆွေ သား မျိုး ချင်း ဖြစ်၍ ငါ နှင့် သင် ၌ လည်း ကောင်း၊ ငါ့ နွား ကျောင်း နှင့် သင့် နွား ကျောင်း တို့ ၌ လည်း ကောင်း ခိုက် ရန် မ ရှိ ပါ စေ နှင့်။
လမ်း ခ ရီး ၌ ခိုက် ရန် မ ဖြစ် ကြ နှင့် ဟု သ တိ ပေး လျက် ညီ အစ် ကို တို့ ကို လွှတ် လိုက် သ ဖြင့် သူ တို့ သွား ကြ၏။
ညီ အစ် ကို တို့ သည်၊ အ တူ နေ ထိုင် ခွင့် ရ ကြ သည် မှာ၊ အ လွန် ကောင်း မြတ်၍ တင့် တယ် လှ ပါ သည် တ ကား။
ကျူး လွန် ၍ စိတ် နာ သော ညီ အစ် ကို ရ ရန် သည်၊ ခိုင် ခံ့ သော မြို့ ကို ရ ရန် ထက် ခက်၏။ ထို သူ နှင့် ရန် တွေ့ ရ ခြင်း လည်း၊ ရဲ တိုက် ကန့် လန့် ကျင် ကဲ့ သို့ ဖြစ်၏။
ထို့ နောက် လူ ပ ရိတ် သတ် ကို သွား စေ တော် မူ သည့် အ တွင်း လှေ စီး၍ တစ် ဘက် ကမ်း သို့ ကူး နှင့် ရန် တ ပည့် တော် တို့ အား ချက် ခြင်း အ မိန့် တော် ရှိ၍ ပ ရိ သတ် ကို သွား စေ ပြီး သည့် နောက်၊
ကိုယ့် လက် ဖြင့် ဘေး လွတ် ခွင့် ကို ဘု ရား သ ခင် သ နား တော် မူ ကြောင်း ဆွေ မျိုး သား ချင်း တို့ နား လည် ကြ မည် ဟု မော ရှေ အောက် မေ့ သော် လည်း နား မ လည် ကြ သည် နှင့်၊
သို့ ဖြစ်၍ ခ ရစ် တော် ကြောင့် နှိုး ဆော် ခြင်း၊ မေ တ္တာ တ ရား ကြောင့် တိုက် တွန်း ခြင်း၊ ဝိ ညာဉ် တော် နှင့် ပေါင်း သင်း ဆက် ဆံ ခြင်း၊ အ သည်း စွဲ သ နား ခြင်း အ ရာ ရာ ကို ရ ရှိ လျင်၊
ဖီ ဆန် ဝါ ကြွား လို သော သ ဘော နှင့် မည် သည် ကို မျှ မ ပြု ဘဲ တစ် ယောက် ကို တစ် ယောက် ကိုယ့် ထက် ကောင်း သည် ဟု စိတ် နှိမ့် ချ စွာ မှတ် ယူ လော့။