ဣ သ ရေ လ တစ် မျိုး လုံး တည်း ဟူ သော ထို ပ ရိ သတ်၊ ယောက်ျား၊ မိန်း မ တို့ အား တစ် ယောက် လျှင် မုန့် ပေါက် တစ် လုံး၊ အ မဲ တစ် တုံး၊ စ ပျစ် ပြဉ် တစ် ပြား စီ ဝေ ငှ ပြီး နောက် အ သီး အ သီး ကိုယ့် အိမ် သို့ ပြန် သွား ရ ကြ၏။
တမန်တော်ဝတ္ထု 5:14 - Garrad Bible အ ရှင် ဘု ရား အား ယုံ ကြည် သူ ယောက်ျား မိန်း မ အ များ တို့ ထပ် ဝင် ကြ ၏။ Common Language Bible သို့ရာတွင်သခင်ဘုရားကိုသက်ဝင်ယုံကြည် သူ အမျိုးသားအမျိုးသမီးအရေအတွက် သည်ပို၍ပို၍များလာ၏။- Judson Bible သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားကိုယုံကြည်သူ အမျိုးသား၊ အမျိုးသမီးအမြောက်အမြားတို့သည်လည်း ပို၍တိုးပွားလာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကိုယုံကြည်သော အမျိုးသား၊ အမျိုးသမီးတို့၏အရေအတွက်သည် အလွန်များပြားလာကြ၏။ |
ဣ သ ရေ လ တစ် မျိုး လုံး တည်း ဟူ သော ထို ပ ရိ သတ်၊ ယောက်ျား၊ မိန်း မ တို့ အား တစ် ယောက် လျှင် မုန့် ပေါက် တစ် လုံး၊ အ မဲ တစ် တုံး၊ စ ပျစ် ပြဉ် တစ် ပြား စီ ဝေ ငှ ပြီး နောက် အ သီး အ သီး ကိုယ့် အိမ် သို့ ပြန် သွား ရ ကြ၏။
ထို သို့ ဧ ဇ ရ သည်၊ ဘု ရား သ ခင် ဗိ မာန် တော် ရှေ့ တွင် ပျပ် ဝပ် လျက်၊ ငို ကြွေး ဝန် ချ တောင်း လျှောက် သော အ ခါ၊ ဣ သ ရေ လ ယောက်ျား၊ မိန်း မ၊ သူ ငယ်၊ ပ ရိ သတ် ကြီး သည်၊ ဧ ဇ ရ ထံ စု ရုံး၍ သည်း စွာ ငို ကြွေး ကြ ရာ၊
ထို သ တ္တ မ လ တစ် ရက်၌၊ နား ထောင် နာ ယူ ရန်၊ လုံ လောက် သော ယောက်ျား မိန်း မ ပ ရိ သတ် ရှေ့၊ ပ ည တ္တိ ကျမ်း ကို ပ ရော ဟိတ် ဧဇရ ထုတ် ယူ ပြီး လျှင်၊
ထာ ဝ ရ ဘု ရား ထံ ရွှေ ကို ဦး တိုက် လှူ ဒါန်း သော သူ အ ပေါင်း တို့ နှင့် တ ကွ၊ စိတ် စေ တ နာ ရှိ သော ယောက်ျား မိန်း မ တို့ လာ၍ ရွှေ တန် ဆာ သက် သက် ဖြစ် သော နှာ ကွင်း၊ နား တောင်း၊ လက် စွပ်၊ လည် ဆွဲ များ ကို ဆက် ကပ် ကြ ၏။
ထာ ဝ ရ ဘု ရား ကြောင့် သာ အောင် မြင် ခွင့်၊ စွမ်း ရည် ရှိ ခွင့် ရ သည်။ ကိုယ် တော် ကို မျက် မုန်း ကြိုး သူ အ ပေါင်း တို့ ပင် အ ထံ တော် သို့ တိုး ဝင် ရ လျက် အ ရှက် ကွဲ ကြ လ တ္တံ့။
ထို အ ခါ ပေ တ ရု စ ကား ကို နာ ယူ သူ တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ သ ဖြင့် ထို နေ့ ချင်း တွင် လူ သုံး ထောင် ခန့် ထပ် ဝင် ရာ၊
ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ချီး မွမ်း ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ မျက် နှာ သာ ရ ကြ၏။ အ ရှင် ဘု ရား လည်း ကယ် တင် တော် မူ ရာ ရောက် လျက် နေ သူ တို့ ကို တစ် နေ့ နောက် တစ် နေ့ ထပ် သွင်း တော် မူ ၏။
ပ ရော ဟိတ် မင်း နှင့် လူ ကြီး အ ပေါင်း တို့ သိ မြင် သည့် အ တိုင်း မဂ် လမ်း တော် လိုက် သော ယောက်ျား၊ မိန်း မ တို့ ကို ချည် နှောင် ထောင် ချ ၍ အ သေ သတ် သည့် တိုင် အောင် ညှဉ်း ပန်း ခဲ့၏။ ထို မင်း တို့ ထံ မှ ငါ သည် ဒ မာ သက် မြို့ ရှိ လူ မျိုး ချင်း တို့ ထံ အ မိန့် စာ များ ရ ပြီး လျှင် ထို မြို့ နေ သူ တို့ ကို လည်း ယေ ရု ရှ လင် မြို့ သို့ ချုပ် နှောင် ခေါ် ယူ ဒဏ် ခတ် ခြင်း ငှာ၊
ဒေ သ နာ ကို ကြား နာ သူ အ များ ယုံ ကြည်၍ ပါ ဝင် သူ များ ကား ယောက်ျား ငါး ထောင် ခန့် ဖြစ် လာ သ တည်း။
ဘု ရား သ ခင့် တ ရား တော် ထွန်း ကား လျက် ယေ ရု ရှ လင် မြို့ တွင် တ ပည့် တော် အ ရေ အ တွက် အ လွန် တိုး တက် လျက် များ စွာ သော ပ ရော ဟိတ် တို့ ပင် ယုံ ကြည် ခြင်း တ ရား တော် ကို လိုက် နာ ကြ ၏။
သို့ ရာ တွင် ဘု ရား သ ခင့် နိုင် ငံ တော် မှ စ၍ ယေ ရှု ခ ရစ်၏ နာ မ တော် အ ကြောင်း ဖိ လိ ပ္ပု ကြား ပြော သော သ တင်း တော် မြတ် ကို ယုံ ကြည် သ ဖြင့် ထို ယော ကျ်ား မိန်း မ အ ပေါင်း တို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ ရာ၊
ရှော လု မူ ကား အိမ် တိုင်း သို့ ဝင်၍ ယော ကျာ်း မိန်း မ တို့ ကို ဆွဲ ငင် ထောင် ချ လျက် အ သင်း တော် ကို ဖျက် ဆီး လေ၏။
ပ ရော ဟိတ် မင်း ထံ ဝင်၍ မဂ် လမ်း တော် လိုက် သူ မည် သည့် ယောက်ျား မိန်း မ မ ဆို တွေ့ လျှင် ချည် နှောင် လျက် ယေ ရု ရှ လင် မြို့ သို့ ယူ လာ ခွင့် ရ ရန် ဒ မာ သက် မြို့ ရှိ အ စည်း အ ဝေး များ သို့ အ မိန့် စာ တောင်း လေ၏။
ထို ကာ လ အ သင်း တော် သည် ယု ဒ၊ ဂါ လိ လဲ၊ ရှ မာ ရိ နယ် များ တ လျှောက် တွင် ငြိမ်း ချမ်း သာ ယာ လျက်၊ ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် ထံ အ သ နား ခံ ခြင်း များ၌ ကျင် လည်၍ တည် ဆောက် တိုး ပွား ရ၏။
လု ဒ မြို့ မှ စ၍ ရှာ ရုန် နယ် သူ နယ် သား အ ပေါင်း တို့ သည် ထို သူ့ ကို မြင်၍ အ ရှင် ဘု ရား ထံ လှည့် ဝင် ကြ၏။
ယု ပ္ပေ တစ် မြို့ လုံး ကြား သိ၍ အ များ သော သူ တို့ သည် အ ရှင် ဘု ရား ကို ယုံ ကြည် ကြ၏။
ခ ရစ် တော် သည် ဗေ လျာ ရ နှင့် မည် သို့ သ ဘော တူ အံ့ နည်း။ ယုံ ကြည် သူ သည် မ ယုံ ကြည် သူ နှင့် မည် သို့ အ ကျိုး တူ ခံ စား နိုင် အံ့ နည်း။
သင် တို့ ရှိ သ မျှ သည် ခ ရစ် တော် ယေ ရှု၌ တစ် ကိုယ် တည်း ဖြစ် သည့် အ လျောက် ယု ဒ လူ မျိုး နှင့် လူ မျိုး ခြား အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ၊ ယောက်ျား နှင့် မိန်း မ အ ဖြစ် အ နေ မ ရှိ ရာ။