တမန်တော်ဝတ္ထု 4:31 - Garrad Bible ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။ Common Language Bible ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။ Judson Bible ထိုသို့ဆုတောင်းပတ္ထနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟောပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။ |
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။
သင်တို့သည်ငါ့ကိုရွေးချယ်ကြသည်မဟုတ်။ ငါကသာသင်တို့ကိုရွေးချယ်သည့်အလျောက်သွားကြပြီးလျှင် တည်မြဲသောအသီးကိုသီးလျက်၊ ခမည်းတော်ထံ ငါ့နာမ၌တောင်းလျှောက်သမျှကိုရကြစေရန် ငါခန့်ထား၏။
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
ပေါ လု နှင့် ဗာ န ဗ တို့ သည် ကာ လ ရှည် ကြာ စွာ နေ ထိုင် လျက် အ ရှင် ဘု ရား ကို အ မှီ ပြု၍ ရဲ ရင့် စွာ ဟော ပြော ကြ စဉ် အ ရှင် ဘု ရား လည်း နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ ကို ပြု မူ ပြ သ ခွင့် သ နား လျက် မေ တ္တာ ကျေး ဇူး တော် တ ရား အ ဖို့ သက် သေ ခံ တော် မူ၏။
ပင် တေ ကု တ္တေ ပွဲ နေ့ တိုင် ရောက် သော် ထို သူ ရှိ သ မျှ တို့ သည် တစ် နေ ရာ တည်း တွင် စု ရုံး ကြ ရာ၊
သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။
ပ ညာ ရှိ ကျမ်း တတ် မ ဟုတ် ကြောင်း ထို သူ တို့ သိ သ ဖြင့် ပေ တ ရု နှင့် ယော ဟန် တို့ ရဲ ရင့် ခြင်း ကို မြင် သော် အံ့ သြ လျက်၊ ယေ ရှု နှင့် လိုက် ပါ သူ ဖြစ် သည် ကို မှတ် မိ ကြ၏။
ယ ခု မှာ အ ရှင် ဘု ရား၊ ချင်း တို့ ခြိမ်း ချောက် ချက် များ ကို ရှု ကြည့် တော် မူ လျက် သန့် ရှင်း သူ ကျွန် တော် ရင်း ယေ ရှု၏ နာ မ တော် ဖြင့် အ နာ ကင်း ပျောက်၍ အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ များ ဖြစ် စေ ခြင်း ငှါ လက် ရုံး တော် ဆန့် သည့် ပြင်၊ ရဲ ရင့် စွာ တ ရား တော် ဟော ပြော ခွင့် ကို ကျွန် တော် မျိုး တို့ အား သ နား တော် မူ ပါ ဟူ၍ တည်း။
ညီ အစ် ကို များ တို့ လည်း ငါ အ ကျဉ်း ခံ ရ ခြင်း ကြောင့် အ ရှင် ဘု ရား ကို ယုံ ကြည် စိတ် ချ၍ ကြောက် ရွံ ခြင်း မ ရှိ ဘဲ ဘု ရား သ ခင် တ ရား တော် ကို သာ၍ ဟော ပြော ဝံ့ ကြ ကြောင်း ငါ သိ စေ လို၏။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။