တမန်တော်ဝတ္ထု 3:23 - Garrad Bible မ နာ မ ယူ သူ တိုင်း လူ မျိုး တော် မှ ပယ် ရှား ခံ ရ လိမ့် မည် ဟု ဆင့် ဆို သည့် ပြင်၊ Common Language Bible ထိုပရောဖက်၏စကားကိုမနာမယူဘဲ နေသောသူသည် ဘုရားသခင်၏လူစုတော် ဝင်အဖြစ်မှလုံးဝပယ်ရှားခြင်းကိုခံရလိမ့် မည်' ဟုမိန့်မြွက်ခဲ့၏။- Judson Bible အကြင်သူသည် ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်းခြင်းကို ခံရမည်ဟုဟော၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုပရောဖက်၏စကားကို နားမထောင်သောသူရှိသမျှသည် လူမျိုးတော်ထဲမှ ဖယ်ရှားဖျက်ဆီးခြင်းခံရလိမ့်မည်’ဟု ဆိုထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုပရောဖက်၏စကားကို နားမထောင်သောသူရှိသမျှတို့သည် လူမျိုးထဲမှ လုံးလုံးဖယ်ရှားခြင်းကို ခံရလိမ့်မည်’ ဟု ဟော၏။ |
ယုံ ကြည်၍ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သူ သည် ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။ မ ယုံ ကြည် သူ မူ ကား အ ပြစ် စီ ရင် ခံ ရ လ တ္တံ့။
ငါ့ကိုငြင်းပယ်၍ ငါ့ဒေသနာကိုမနာမယူသောသူ၌ ဆုံးဖြတ်ရာဆုံးဖြတ်ကြောင်းရှိသည်မှာ၊ ငါသည်အလိုအလျောက်ဟောသည်မဟုတ်၊ မည်သို့ဟောပြောရမည့်အကြောင်း ငါ့ကိုစေလွှတ်တော်မူလိုက်သော ခမည်းတော်အမိန့်ထုတ်ဆင့်တော်မူပြီးဖြစ်သောကြောင့် ငါဟောသောတရားပင် နောက်ဆုံးနေ့၌ထိုသူ့ကို စီရင်ဆုံးဖြတ်လိမ့်သတည်း။
ထိုကြောင့်သင်တို့သည် ကိုယ့်အပြစ်၌သေကြလိမ့်မည် ငါဆိုခဲ့၏။ ငါဖြစ်သည်ကိုသင်တို့မယုံလျှင် ကိုယ့်အပြစ်၌သေရကြလတ္တံ့ဟု မိန့်တော်မူ၏။
ထို အ ခါ ပေ တ ရု စ ကား ကို နာ ယူ သူ တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ သ ဖြင့် ထို နေ့ ချင်း တွင် လူ သုံး ထောင် ခန့် ထပ် ဝင် ရာ၊
အ ကြင် သူ သည်၊ ငါ့ ကိုယ် စား အဖြစ် ဆင့် ဆို သော ဗျာ ဒိတ် တော် ချက် ကို မ နာ ယူ အံ့။ ထို သူ့ ကို ငါ ပြစ် ဒဏ် ပေး မည်။
ငါ တို့ သည် ပျက် စီး ရာ ရောက် အောင် တွန့် ဆုတ် သူ တို့ မ ဟုတ်။ အ သက် ချမ်း သာ ခံ စား ရ သည့် တိုင် အောင် ယုံ ကြည် သူ တို့ ဖြစ် ကြ သ တည်း။
သို့ ဖြစ်၍ မိန့် မြွက် တော် မူ သော အ ရှင် ကို မ ငြင်း ပယ် မိ စေ ရန် သ တိ မူ ကြ လော့။ မြေ ကြီး ပေါ်၌ ဗျာ ဒိတ် ပေး တော် မူ သော အ ရှင် ကို ငြင်း ပယ် သူ တို့ သည် ဘေး မ လွတ် ကြ သည် မှန် လျှင် ကောင်း ကင် ဘုံ က ဗျာ ဒိတ် ပေး သော အ ရှင့် ထံ မှ လွှဲ ဖယ် ကြ သော ငါ တို့ သည် သာ၍ မ လွှတ် နိုင် ချေ။
ဤ မျှ လောက် ကြီး မြတ် သော ကယ် တင် ခြင်း သ တင်း တော် ကို ဂ ရု မ ပြု လျှင် ငါ တို့ သည် မည် သို့ ဘေး လွတ် ကြ အံ့ နည်း။ ထို သ တင်း တော် ကို အ စ က အ ရှင် ဘု ရား ကြား ပြော တော် မူ ပြီး နောက် ငါ တို့၌ ကြား နာ သူ တို့ တည် မြဲ စေ ကြ သည့် ပြင်၊
ဤ လော က တည် သည့် ကာ လ က၊ ကွပ် မျက် ခံ ခဲ့ ပြီး သိုး ငယ် တော်၏ အ သက် စာ ရင်း တွင် အ မည် မ သွင်း ဘဲ မြေ ကြီး ပေါ် မှာ နေ ထိုင် သ မျှ တို့ သည် ထို သား ရဲ ကို ရှိ ခိုး ကြ လိမ့် မည်။
အ သက် စာ ရင်း တွင် အ မည် မ သွင်း သူ တိုင်း ကို လည်း မီး အိုင် ထဲ သို့ ပစ် ချ လိုက်၏။