တမန်တော်ဝတ္ထု 3:22 - Garrad Bible မော ရှေ က ထာ ဝ ရ ဘု ရား သ ခင် သည် သင် တို့ ဆွေ မျိုး သား ချင်း အ နက် ပ ရော ဖက် တစ် ပါး ကို ငါ ကဲ့ သို့ ပေါ် ထွန်း စေ တော် မူ မည်။ ထို ပ ရော ဖက် ဟော သ မျှ ကို သင် တို့ နာ ယူ ကြ ရ မည်။ Common Language Bible မောရှေက`သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည့်နည်း တူ ပရောဖက်တစ်ပါးကိုလည်းသင်တို့ထံ သို့စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့အမျိုးသားထဲမှဖြစ်လိမ့်မည်။ ထို အရှင်ဟောပြောသမျှသောစကားတို့ကို သင်တို့သည်နာယူကြရမည်။- Judson Bible ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ညီအစ်ကိုများထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အတွက်ပေါ်ထွန်းစေတော်မူလိမ့်မည်။ သင်တို့အား ထိုသူပြောသမျှတို့ကို သင်တို့နားထောင်ကြရမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေက ‘သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၏အမျိုးထဲမှ ငါကဲ့သို့သော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မည်။ ထိုပရောဖက်ပြောသမျှကို သင်တို့သည် နားထောင်ကြရမည်။ |
သို့ ရာ တွင် ယေ ရု ရှ လင် မြို့ မှ တစ် ပါး ပ ရော ဖက် ဖြစ် သူ တို့ ပျက် စီး ရိုး မ ဟုတ် သော ကြောင့် ယ နေ့ နက် ဖြန် သန် ဖက် များ တွင် ငါ ခ ရီး သွား ရ ဦး မည်။
မည် သည့် အ ဖြစ် အ ပျက် နည်း ဟု မေး တော် မူ ပြန် သော် ဘု ရား သ ခင့် ရှေ့၊ ပြည် သူ ပြည် သား တို့ ရှေ့၊ လက် သ တ္တိ နှုတ် သ တ္တိ နှင့် ပြည့် စုံ သော ပ ရော ဖက် ဖြစ် သူ နာ ဇ ရက် မြို့ သား ယေ ရှု အ ကြောင်း၊
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။
သင် တို့ ဆွေ မျိုး သား ချင်း အ နက် ပ ရော ဖက် တစ် ပါး ကို ငါ ကဲ့ သို့ ဘု ရား သ ခင် ပေါ် ထွန်း စေ တော် မူ မည် ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ပြော ဆို သူ၊
ရုပ် ခ န္ဓာ ကြောင့် အား နည်း ရ သော ပ ညတ် တ ရား တော် မ တတ် စွမ်း နိုင် သော် လည်း ဘု ရား သ ခင် မူ ကား ရုပ် ခ န္ဓာ အ တိုင်း မ ဟုတ်။ နာမ် ခ န္ဓာ အ တိုင်း လျှောက် လိုက် သော ငါ တို့၌ ပ ညတ် တ ရား တော့် ဥ ပ ဒေ သ များ ကို ပြည့် စုံ စေ ခြင်း ငှါ အ ပြစ် ပြည့် သော ရုပ် ခ န္ဓာ သ ဏ္ဌာန် နှင့် သား တော် ရင်း ကို အ ပြစ် အ တွက် စေ လွှတ် လျက် အ ပြစ် ကို ရုပ် ခ န္ဓာ တော်၌ စီ ရင် ဒဏ် ခတ် တော် မူ ၏။
ဘိုး တော် ဘေး တော် များ မှ ဆင်း သက် ခွင့်၊ ရုပ် ခ န္ဓာ အ လျောက် ခ ရစ် တော် နှင့် တော် စပ် ခွင့် ရ သူ တို့ ဖြစ် ကြ သ တည်း။ ထို အ ရှင် သည် ရှိ သ မျှ အ ပေါ် တွင် အုပ် စိုး လျက် က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ နှင့် ပြည့် စုံ သော ဘု ရား ဖြစ် တော် မူ၏။ အာ မင်။
အ ချိန် ကာ လ ပြည့် သော် ဘု ရား သ ခင် သည် ပ ညတ် တ ရား အောက် ရှိ နေ သူ တို့ ကို ရွေး နုတ် စေ ခြင်း ငှာ လည်း ကောင်း၊ သား အ ဖြစ် ကို ငါ တို့ ရ စေ ခြင် ငှာ လည်း ကောင်း၊ မိန်း မ မှ ပ ညတ် တ ရား အောက် ဖွား မြင် ခံ မည့် သား တော် ကို စေ လွှတ် တော် မူ ၏။
ထို ကြောင့် ငါ တို့ မျော ပါ မည် စိုး၍ ကြား နာ ခဲ့ သော အ ရာ များ ကို အ ထူး ဂ ရု ပြု သင့် ကြ၏။
စုံ လင် ခြင်း သို့ ရောက် ပြီး လျှင် လိုက် နာ သူ ခပ် သိမ်း တို့ အ ဖို့ ထာ ဝ ရ ကယ် တင် ရာ အ ကြောင်း ရင်း ဖြစ် သည့် အ လျောက်၊
မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ဘု ရား သ ခင် သ နား တော် မူ၍ ကိုယ် တော်၏ ကျွန် ယော ဟန့် ထံ စေ တ မန် တော် အား ဖြင့်၊ ယေ ရှု ခ ရစ် ဆင့် ဆို ဖော် ပြ တော် မူ သော ဗျာ ဒိတ် တော် အ တိုင်း၊