အ သို့ ဆို သော်၊ ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို၊ မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မူ မည် မ ဟုတ်။ ကြည် ညို သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။
တမန်တော်ဝတ္ထု 3:14 - Garrad Bible သင် တို့ သည် လူ သတ် ကို တောင်း ယူ လျက်၊ Common Language Bible သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊- Judson Bible သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်းအပြစ် ရှိသောသူတစ်ယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် သန့်ရှင်း၍ဖြောင့်မတ်သောအရှင်ကိုငြင်းပယ်ပြီး သင်တို့အတွက် လူသတ်သမားကိုလွှတ်ပေးရန် တောင်းဆိုကြကာ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုကြ၏။ |
အ သို့ ဆို သော်၊ ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို၊ မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မူ မည် မ ဟုတ်။ ကြည် ညို သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။
အို သ တို့ သ မီး ဇိ အုန်၊ အား ရ ရွှင် လန်း လော့။ အို သ တို့ သ မီး ယေ ရု ရှ လင်၊ ကြွေး ကြော် လော့။ အောင် မြင် ကယ် တင် ရာ သက် ရောက် လျက်၊ စိတ် နှိမ့် ချ သော သင်၏ ဘု ရင် မင်း သည်၊ မြည်း မ၏ သား ငယ်၊ မြည်း ပေါ် တွင် စီး ကြွ သည် တ ကား။
ပ ရော ဟိတ် ကြီး တို့နှင့် လူ ကြီး တို့ မူ ကား ဗာ ရ ဗ္ဗ ကို တောင်း၍ ယေ ရှု ကို ဖျက် ဆီး စေ ရန် လူ ပ ရိ သတ် အား တိုက် တွန်း ကြ သ တည်း။
အို နာ ဇ ရက် မြို့ သား ယေ ရှု၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ နှင့် မည် သို့ ဆိုင် သ နည်း။ အ ကျွန်ုပ် တို့ ကို ဖျက် ဆီး ရန် ကြွ လာ တော် မူ ပြီ လော။ ကိုယ် တော် သည် ဘု ရား သ ခင် သီး သန့် ထား သော အ ရှင် ဖြစ် ကြောင်း ကို အ ကျွန်ုပ် သိ ပါ သည် ဟု ဟစ် သော်၊
ဗာ ရ ဗ္ဗ ကို လွှတ် ခွင့် တောင်း ကြ စေ ရန် လူ ပ ရိ သတ် အား ပ ရော ဟိတ် ကြီး တို့ တိုက် တွန်း ကြ သ ဖြင့်၊
အ တွင်း မီး ထ ရာ လူ သတ် မှု ကျူး လွန် သူ တို့ နှင့် တ ကွ ဗာ ရ ဗ္ဗ ခေါ် အ ကျဉ်း သား တစ် ယောက် ရှိ သ ဖြင့် ထုံး စံ ရှိ သည့် အ လျောက်၊
စေ တ မန် တော် က၊ သန့် ရှင်း သော ဝိ ညာဉ် တော် သည်၊ သင့် အ ပေါ် သို့ ဆင်း သက်၍။ မြင့် မြတ် သော အ ရှင်၏ တန် ခိုး တော် လည်း၊ လွှမ်း မိုး လိမ့် မည်။ ထို ကြောင့် ဖွား မည့် သူ ငယ် သည် သန့် ရှင်း သော အ ရှင်၊ ဘု ရား သ ခင့် သား တော် ဟု အ ခေါ် ခံ ရ လ တ္တံ့။
သူ တို့ တောင်း သော အ တွင်း မီး ထ မှု၊ လူ သတ် မှု များ ကြောင့် ထောင် ကျ သူ့ ကို လွှတ်၍ ယေ ရှု ကို သူ တို့ အ လို သို့ အပ် လိုက်၏။
အ သို့ ဆို သော် ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ၊ သီး သန့် ထား တော် မူ သော သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။
သူ က လည်း ငါ တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် သည် အ လို တော် ကို သိ ရ စေ ရန် လည်း ကောင်း၊ ဖြောင့် မတ် သော အ ရှင် ကို ဖူး မြင်၍ နှုတ် တော် ထွက် ဗျာ ဒိတ် တော် ကို ကြား နာ ရ စေ ရန် လည်း ကောင်း ခန့် ထား တော် မူ ပြီး သည့် အ လျောက်၊
ဟေ ရုဒ် မင်း၊ ပု န္တိ ပိ လတ် မင်း တို့ သည် လူ မျိုး ခြား နှင့် ဣ သ ရေ လ လူ မျိုး တို့ ပါ လက် ရုံး တော်၊ အ ကြံ တော် များ ဖြင့် ကိုယ် တော် တင် ရင် ပြ ဌာန်း တော် မူ ပြီး သည့် အ လျောက် ပြု မူ ရန် ဘိ သိက် တော် ခံ သန့် ရှင်း သူ ကျွန် တော် ရင်း ယေ ရှု တစ် ဘက်၌ စု ရုံး ကြ ပါ ပြီ။
ထို အ ခါ ပ ရော ဟိတ် မင်း က ထို နာ မ နှင့် ဒေ သ နာ မ ပေး စေ ရန် ကြပ် တည်း စွာ ငါ တို့ မြစ် တား လျက် ပင်၊ သင် တို့ သည် ယေ ရု ရှ လင် တစ် မြို့ လုံး ကိုယ့် ဒေ သ နာ ဖြင့် ပြည့် စေ ပြီ တ ကား၊ ထို သူ့ သွေး သွန်း ပြစ် ကို လည်း ငါ တို့ အ ပေါ်၌ တည် စေ ရန် ကြံ စည် ကြ လေ စွ ဟု ဆို သော်၊
မည် သည့် ပ ရော ဖက် ကို မျှ ဘိုး ဘေး များ မ ညှဉ်း ပန်း ဘဲ နေ ဘူး ကြ သ နည်း။ ထို သူ တို့ သည် ဖြောင့် မတ် သော အ ရှင် ပေါ် ထွန်း တော် မူ မည့် အ ကြောင်း တင် ကူး ဖော် ပြ သူ တို့ ကို ကွပ် မျက် ကြ သည့် နည်း တူ၊ စေ တ မန် တော် တို့ ဆင့် ဆို ခဲ့ သော ပ ညတ် တ ရား တော် ကို ခံ ရ လျက် မ စောင့် မ ရှောက် ဘဲ နေ သော သင် တို့ လည်း ထို အ ရှင် ကို ယ ခု ပင် ပို့ အပ် ကွပ် မျက် ကြ လေ စွ တ ကား ဟု ပြော ဆို လေ၏။
ဘု ရား သ ခင် သည် ငါ တို့ ကို ခ ရစ် တော် ကြောင့် ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ဖြစ် စေ ရန် အ ပြစ် ကင်း သော ထို အ ရှင် ကို ငါ တို့ အ တွက် အ ပြစ် ဖြစ် စေ တော် မူ ပြီ တ ကား။
သင် တို့ ကို မ ခု ခံ သော သူ တော် ကောင်း တို့ အား အ ပြစ် စီ ရင် လျက် ကွပ် မျက် ခဲ့ ကြ ပြီ တ ကား။
ခ ရစ် တော် လည်း သင် တို့ ဘု ရား သ ခင် ထံ ပို့ သွင်း ရ အံ့ သော ငှာ သူ တော် ကောင်း အ ဖြစ် မ သူ တော် တို့ အ ဖို့ အ ပြစ် များ အ တွက် တစ် ကြိမ် တည်း အ သေ ခံ တော် မူ၏။ ရုပ် ခ န္ဓာ၌ သေ ဒဏ် ခံ သော် လည်း နာမ် ခ န္ဓာ၌ ရှင် တော် မူ ရာ
ငါ့ သူ ငယ် တို့၊ သင် တို့ မ ပြစ် မှား ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို သင် တို့ ထံ ငါ ရေး လိုက်၏။ မည် သူ မ ဆို ပြစ် မှား မိ လျှင် ငါ တို့ အ ပြစ် များ မ က တစ် လော က လုံး၏ အ ပြစ် ပြေ ရာ ပြေ ကြောင်း ဖြစ် သည့် ဖြောင့် မတ် တော် မူ သော ယေ ရှု ခ ရစ် သည် ခ မည်း တော့် အ ပါး တွင် ငါ တို့ အ မှု ဆောင် အ ဖြစ် တည် တော် မူ၏။
ဖိ လ ဒေ လ ဖိ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ၊ သန့် ရှင်း၍ ဟုတ် မှန် တော် မူ သော အ ရှင်၊ ဒါ ဝိဒ် မင်း သော့ ကို ပိုင် လျက်၊ မည် သူ မျှ မ ပိတ် နိုင် အောင် ဖွင့် ထား ခွင့်၊ မ ဖွင့် နိုင် အောင် ပိတ် ထား ခွင့် ရ တော် မူ သော အ ရှင် က၊