ထို အ ခါ တ ပည့် တော် တို့ အား ယေ ရှု က သူ ဌေး သူ ကြွယ် သည် ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ခဲ လေ စွ။ ငါ အ မှန် ဆို၏။
တမန်တော်ဝတ္ထု 27:8 - Garrad Bible ခက် ခဲ စွာ တိုက် သွား ရာ လာ သဲ မြို့ အ နီး ဆိပ် သာ ခေါ် အ ရပ် သို့ ရောက် ကြ၏။ Common Language Bible ပင်လယ်ကမ်းနှင့်ခပ်နီးနီးရွက်လွှင့်လျက် ခက် ခက်ခဲခဲနှင့်လာသဲမြို့အနီးဆိပ်သာယာ ဟုခေါ်သောအရပ်သို့ရောက်ကြ၏။ Judson Bible လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကမ်းရိုးတန်းတစ်လျှောက် ခက်ခဲစွာရွက်လွှင့်သွားပြီးနောက် လာသဲမြို့အနီးရှိ ဆိပ်ကမ်းသာဟုခေါ်သောအရပ်သို့ရောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ကမ်းရိုးတန်းတစ်လျှောက် ခက်ခဲစွာရွက်လွှင့်လာပြီးနောက် လာသဲမြို့အနီးရှိ ဆိပ်ကမ်းသာဟု ခေါ်သောနေရာသို့ ရောက်ကြ၏။ |
ထို အ ခါ တ ပည့် တော် တို့ အား ယေ ရှု က သူ ဌေး သူ ကြွယ် သည် ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ခဲ လေ စွ။ ငါ အ မှန် ဆို၏။
အ များ က လည်း ဆောင်း ခို ရန် ထို ဆိပ် ကမ်း မ သာ သော ကြောင့် အ နောက် မြောက် နှင့် အ နောက် တောင် သို့ မျက် နှာ မူ သော က ရေ တေ ကျွန်း ရှိ ဖိ နိတ် မြို့ ဆိပ် ကမ်း သို့ ရောက် နိုင် လျှင် လွှင့် ပြန်၍ ဆောင်း ခို ရန် အ ကြံ ပေး ကြ သည့် အ လျောက်၊
တောင် လေ ဖြည်း ညှဉ်း စွာ တိုက် သည့် ကာ လ အ ကြံ မြောက် ပြီ ဟု ထင် မှတ် သ ဖြင့် ကျောက် ဆူး နုတ် ပြီး လျှင် က ရေ တေ ကျွန်း နား တစ် လျှောက် တိုက် သွား ကြ၏။