သြ ဖိ ရ ပြည် မှ ရွှေ တင် ယူ ရန် ယော ရှ ဖတ် မင်း တည် ပြီး သော တာ ရှု သင်္ဘော များ သည် ဧ ဇ ယုန် ဂါ ဗာ ဆိပ် တွင် ပျက်၍ မ သွား ရ သော်
တမန်တော်ဝတ္ထု 27:41 - Garrad Bible သို့ ရာ တွင် ဒီ ဆိုင် ရာ ရောက် လတ် သော် စည်း ပေါ် တွင် သင်္ဘော ဦး ဆိုက်၍ တင် သ ဖြင့် မ လှုပ် မ ရှား နေ ရာ ပဲ့ ပိုင်း မူ ကား လှိုင်း ခတ် သော ကြောင့် ကျိုး ပျက် လေ၏။ Common Language Bible သို့ရာတွင်သင်္ဘောသည်ရေတိမ်ရာသို့ရောက်၍ သောင်တင်နေတော့၏။ သင်္ဘောဦးသည်သောင်တွင် စိုက်လျက်နေသဖြင့်လှုပ်ရှား၍မရ။ သင်္ဘော ပဲ့ပိုင်းမှာမူလှိုင်းလုံးများရိုက်သဖြင့်ကျိုး ပျက်စပြုလာ၏။ Judson Bible ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်္ဘောသည် ဒီရေနှစ်ကြောင်းစုဆုံရာသို့ရောက်သွား၍ သောင်တင်သဖြင့် သင်္ဘောဦးသည် သောင်၌စိုက်ပြီး လှုပ်ရှား၍မရတော့ချေ။ ပဲ့ပိုင်းမှာမူ လှိုင်းလုံးများရိုက်ခတ်သဖြင့် ကျိုးပျက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပင်လယ်ရေကြောင်းဆုံရာသဲသောင်ပေါ်သို့ သင်္ဘောထိုးစိုက်သဖြင့် သင်္ဘောဦးပိုင်းသည် သောင်တင်၍ မလှုပ်နိုင်သည့်အပြင် ပဲ့ကိုလည်း လှိုင်းလုံးများရိုက်ခတ်သောကြောင့် ကျိုးပျက်လေ၏။ |
သြ ဖိ ရ ပြည် မှ ရွှေ တင် ယူ ရန် ယော ရှ ဖတ် မင်း တည် ပြီး သော တာ ရှု သင်္ဘော များ သည် ဧ ဇ ယုန် ဂါ ဗာ ဆိပ် တွင် ပျက်၍ မ သွား ရ သော်
သို့ ဖြစ်၍၊ မ ရေ ရှ မြို့ နေ့ ဒေါ ဒ ဝ သား ဧ လျေ ဇာ က၊ ဘု ရင် မင်း သည် အာ ခ ဇိ မင်း နှင့် မ ဟာ မိတ် ဖွဲ့ သော ကြောင့်၊ အ လုပ် အ ဆောင် တော် များ ကို ထာ ဝ ရ ဘု ရား ဖျက် ပယ် တော် မူ လ တ္တံ့ ဟု ဟော ပြော သည် နှင့် အ ညီ၊ ထို သင်္ဘော များ ပျက်၍ တာ ရှူ မြို့ သို့ မ သွား ရ ချေ။
တက် ခတ် သူ တို့ လှော် ခတ် သ ဖြင့်၊ သ မု ဒ္ဒ ရာ ဝဲ သို့ ရောက် သော သင် သည်၊ သ မု ဒ္ဒ ရာ ဗ ဟို ၌ အ ရှေ့ လေ တိုက် ၍ ပျက် လေ စွ။
ယ ခု ပင်၊ သ မု ဒ္ဒ ရာ နက် ရှိုင်း ရာ၌၊ လှိုင်း တံ ပိုး ဖြင့် ပျက် ရာ တွင်၊ သင် နှင့် တ ကွ ကုန် စည်၊ စီး နင်း သူ အ ပေါင်း တို့ ပါ၊ နစ် မြုပ် ကြ လေ စွ။
သင်္ဘော ခိုင် ခံ့ စေ ရန် ကျောက် ကြိုး များ နှင့် ပတ် စည်း ပြီး နောက် သု ရ တိ သောင် ပေါ် တွင် တင် မည် စိုး သော ကြောင့် ရွက် မ ကို ချ လျက် တိုက် သွား ကြ၏။
သင်္ဘော သား တို့ သည် ထွက် ပြေး မည် ကြံ စည် လျက် ဦး က ကျောက် ဆူး များ ကို ကူ ချ မည့် အ ဟန် နှင့် ပင် လယ် ထဲ သို့ သ မ္ဗန် ကို လျှော ချ ကြ သော်၊
ကျောက် ဆူး များ ကို ပင် လယ် ထဲ၌ ဖြုတ် ထား ခဲ့ ပြီး လျှင် တက် မ သေ ကြိုး များ ကို ဖြည်၍ ဦး ဘက် က ရွက် တင် လျက် ထို သောင် သို့ တိုက် သွား ကြ ၏။
ထို အ ခါ အ ကျဉ်း သား တို့ ကူး ပြေး မည် စိုး ရိမ် သည့် အ တွက် အ သေ သတ် ရန် စစ် သည် တို့ အ ကြံ ပေး ကြ ရာ၊
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။