အ သို့ ဆို သော်၊ ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို၊ မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မူ မည် မ ဟုတ်။ ကြည် ညို သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။
တမန်တော်ဝတ္ထု 2:31 - Garrad Bible ခ ရစ် တော်၏ ရှင် ပြန် ထ မြောက် တော် မူ ခြင်း ကို မျှော် မြင်၍ ကိုယ် တော် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ ကြောင်း ကို လည်း ကောင်း၊ ကိုယ် ခ န္ဓာ တော် လည်း ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မ မူ ကြောင်း ကို လည်း ကောင်း ဟော ပြေ လေ ၏။ Common Language Bible နောင်အခါတွင်ဘုရားသခင်မည်သို့ပြုတော် မူမည်ကိုသိသဖြင့်၊ `ကိုယ်တော်ကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မမူ။ သူ၏ခန္ဓာကိုသင်္ချိုင်းတွင်ပုပ်ပျက် စေတော်မူမည်မဟုတ်' ဟုသေခြင်းမှမေရှိယထမြောက်တော်မူ မည့်အကြောင်းကိုကြိုတင်ဖော်ပြခဲ့၏။- Judson Bible ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဉာဏ်နှင့် ဟောလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒါဝိဒ်မင်းသည် ဤအရာကို ကြိုတင်သိမြင်သဖြင့် ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ပတ်သက်၍ ‘သူ့ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်၊ ကိုယ်ခန္ဓာကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်’ ဟု ဆိုလေ၏။ |
အ သို့ ဆို သော်၊ ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို၊ မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မူ မည် မ ဟုတ်။ ကြည် ညို သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။
အ ချင်း က ပေ ရ နောင် မြို့၊ မိုး ကောင်း ကင် တိုင် တက် ရောက် မည် လော။ မ ရ ဏ နိုင် ငံ တိုင် ကျ ရောက် ရ မည်။ သင်၌ ဖြစ် ဖူး သော အ မှု ကြီး များ သည် သော ဒုံ မြို့၌ ဖြစ် ခဲ့ လျှင် ယ နေ့ တိုင် ထို မြို့ တည် ရှိ လေ ပြီ။
အ ခြား သော အ ချက်၌ သီး သန့် ထား တော် မူ သော သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ် ဟူ၍ လည်း ကောင်း ဗျာ ဒိတ် ပေး တော် မူ၏။
အ သို့ ဆို သော် ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ၊ သီး သန့် ထား တော် မူ သော သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။
သင်္ဂြိုဟ် ခံ တော် မူ၍ ကျမ်း ဂန် အ ရ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း၊
ဘု ရား သ ခင် ဖြောင့် မတ် ရာ ရောက် စေ တော် မူ မည် ဟု မျှော် မြင် သော ကျမ်း ဂန် တော် က သင့် အား ဖြင့် လူ အ မျိုး မျိုး တို့ ကောင်း ကြီး မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ အာ ဗြ ဟံ အား တင် ရင် ကြား ပြော သည့် အ လျောက်၊