ထို နေ့ ရက် တော် အ လင်း သည်၊ နေ့ အ ချိန်၊ ညဉ့် အ ချိန် မ ပြောင်း ဘဲ၊ တောက် ပ ခြင်း၊ မှောင် ကျ ခြင်း ကင်း လျက်၊ ထာ ဝ ရ ဘု ရား သိ မှတ် တော် မူ သော တ ရက် တည်း ဖြစ် သည့် အ တိုင်း၊ ညဉ့် ဦး ယံ အ ချိန်၌ ပင် လင်း အံ့ သေး၏။
တမန်တော်ဝတ္ထု 2:19 - Garrad Bible အ ထက် မိုး ကောင်း ကင်၊ အောက် မြေ ကြီး ၌ လည်း သွေး ရောင်၊ မီး လျှံ၊ မီး ငွေ့ တည်း ဟူ သော အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ များ ကို၊ ငါ ပြ မည့် အ တိုင်း၊ Common Language Bible အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။ သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။ Judson Bible အထက်မိုးကောင်းကင်၌ အံ့ဖွယ်သော အရာတို့ကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကိုလည်းကောင်း ငါပြမည်။- မြန်မာ့စံမီသမ္မာကျမ်း အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် အထက်ကောင်းကင်၌ အံ့ဖွယ်ဖြစ်ရပ်များနှင့် မြေကြီးပေါ်၌ နိမိတ်လက္ခဏာများကို ပြမည်။ သွေး၊ မီးလျှံ၊ မီးခိုးငွေ့များကို ငါပြမည်။ |
ထို နေ့ ရက် တော် အ လင်း သည်၊ နေ့ အ ချိန်၊ ညဉ့် အ ချိန် မ ပြောင်း ဘဲ၊ တောက် ပ ခြင်း၊ မှောင် ကျ ခြင်း ကင်း လျက်၊ ထာ ဝ ရ ဘု ရား သိ မှတ် တော် မူ သော တ ရက် တည်း ဖြစ် သည့် အ တိုင်း၊ ညဉ့် ဦး ယံ အ ချိန်၌ ပင် လင်း အံ့ သေး၏။
ထိုအခါ ယေရှုက၊ သင်တို့သည်နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများကိုမမြင်ရလျှင်၊ အလျှင်းယုံကြမည်မဟုတ်ဟုမိန့်တော်မူရာ၊
၎င်း ပြင် ငါ့ ကျွန် ယော ကျ်ား၊ ကျွန် မိန်း မ တို့ အ ပေါ် သို့ ထို နေ့ ရက် ကာ လ၌ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သူ တို့ တ ရား ဟော ရ ကြ လ တ္တံ့။
ငါ ထာ ဝ ရ ဘု ရား၏ နေ့ ထူး နေ့ ကြီး မ တိုင် မီ နေ ကို အ မိုက်၊ လ ကို အ သွေး ဖြစ် စေ မည်။
အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ဤ စ ကား ကို နာ ယူ ကြ လော့။ ကိုယ် တိုင် သိ ကြ သည့် အ တိုင်း ပင် သင် တို့ ဘောင် တွင် အ မှု ကြီး များ၊ အံ့ ဖွယ် ရာ များ၊ နိ မိတ် လ က္ခ ဏာ များ ကို ပြု စေ တော် မူ ခြင်း ဖြင့် နာ ဇ ရက် မြို့ သား ယေ ရှု ဘက်၌ သင် တို့ ရှေ့ ဘု ရား သ ခင် သက် သေ ခံ တော် မူ၏။