တမန်တော်ဝတ္ထု 19:1 - Garrad Bible ကော ရိ န္သု မြို့၌ အာ ပေါ လု ရှိ နေ စဉ် ပေါ လု သည် အ ညာ နယ် ကို သွား၍ ဧ ဖက် မြို့ သို့ ရောက် ရာ တွေ့ သော တ ပည့် တော် တို့ အား၊ Common Language Bible ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊- Judson Bible အာပေါလုသည် ကောရိန္သုမြို့၌နေစဉ်၊ ပေါလုသည် အထက်အရပ်များကို လျှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင် |
ဓ မ္မာ ရုံ အုပ် က ရိ ပ္ပု မူ ကား အိမ် သူ အိမ် သား ရှိ သ မျှ ပါ အ ရှင် ဘု ရား ကို ယုံ ကြည် ကြ၏။ ကော ရိ န္သု မြို့ သူ မြို့ သား အ များ လည်း နာ ခံ ယုံ ကြည် လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ၏။
ထို အ ကြောင်း အ ရာ ကို ဧ ဖက် မြို့ နေ ယု ဒ လူ မျိုး၊ ဂ ရိတ် လူ မျိုး ရှိ သ မျှ တို့ ကြား သိ၍ ကြောက် ရွံ့ လျက် အ ရှင် ယေ ရှု၏ နာ မ တော် ကို ချီး မြှောက် ကြ ၏။
ယ ခု မှာ သင် တို့ ကြား နာ သိ မြင် ကြ သည့် အ တိုင်း ဧ ဖက် မြို့ တွင် သာ မ ဟုတ်၊ အာ ရှိ ပြည် လုံး ကျွတ် မ တတ် ပေါ လု ဆို သော ဤ သူ က လက် ဖြစ် ဘု ရား များ သည် ဘု ရား မ ဟုတ် ဟူ၍ အ များ တို့ ကို သွေး ဆောင် သ ဖြင့် ရွေ့ လျော့ စေ သည့် အ တွက်၊
ငါ သည် အာ ရှိ ပြည် ကို ဦး စွာ ရောက် သည့် နေ့ မှ စ၍ သင် တို့ နှင့် အ တူ နေ ထိုင် သ မျှ ကာ လ အ တွင်း၊
ထို သို့ ဟစ် ခြင်း ကား ဧ ဖက် မြို့ သား တ ရော ဖိမ် ကို မြို့ ထဲ တွင် ပေါ လု နှင့် အ တူ မြင် ဘူး သည့် အ လျောက် ဗိ မာန် တော် အ တွင်း ခေါ် သွင်း သည် ဟု ထင် မှတ် ကြ သော ကြောင့် တည်း။
ငါ ဆို လို သည် မှာ အ သီး သီး တို့ က ငါ သည် ပေါ လု တ ပည့်၊ ငါ သည် အာ ပေါ လု တ ပည့်၊ ငါ သည် ကေ ဖ တပည့်၊ ငါ သည် ခရစ် တော် တ ပည့် ဟု ပြော ဆို ကြ၏။
ဧ ဖက် မြို့ တွင် လူ တို့ ဘာ ဝ သား ရဲ များ နှင့် ငါ တိုက် လှန် ခဲ့ သော် လည်း မည် သည့် အ ကျိုး နည်း။ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ က နက် ဖြန် သေ ရ မည် ဖြစ်၍ စား သောက် လျက် နေ ကြ ကုန် အံ့။
ညီ အစ် ကို အာ ပေါ လု နှင့် စပ်၍ လည်း ညီ အစ် ကို ချင်း တို့ နှင့် အ တူ သင် တို့ ထံ သွား စေ ရန် ငါ တိုက် တွန်း နှိုး ဆော် သော် လည်း ယ ခု အ လျှင်း မ လာ လို သေး။ အ ခွင့် သင့် လျော် သည့် ကာ လ မူ ကား လာ လိမ့် မည်။
ဧ ဖက် မြို့ တွင် ဆောင် ရွက် ခွင့် တံ ခါး ကျယ် စွာ ဖွင့် ထား သည့် အ လျောက် ဆန့် ကျင် သူ အ များ ရှိ သော ကြောင့် ပင် တေ ကု တ္တေ ပွဲ နေ့ တိုင် အောင် နေ ဦး မည်။
ညီ အစ် ကို တို့၊ အ က္ခ ရာ ထက် လေ့ လာ ခြင်း ဆ ရာ တစ် ပါး ထက် တစ် ပါး ကြောင့် ဝင့် ဝါ ခြင်း သင် တို့၌ မ ရှိ စေ ရန် ဆို ခဲ့ သည့် အ ကြောင်း အ ရာ များ တွင် ကိုယ် တိုင် နှင့် အာ ပေါ လု ကို ပုံ ကပ် လျက် သင် တို့ အ ကျိုး ငှာ ငါ ရေး လိုက်၏။
ဘု ရား သ ခင့် အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် ဖြစ် သော ပေါ လု က ဧ ဖက် မြို့ ရှိ သီး သန့် ထား တော် မူ သူ၊ ခ ရစ် တော် ယေ ရှု၌ သ စ္စာ ရှိ သူ တို့ ထံ ရေး လိုက် သည် မှာ၊