မိုက် မဲ သူ နား ကြား အောင် မ ပြော နှင့်။ သင့် ပ ညာ စ ကား ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။
တမန်တော်ဝတ္ထု 17:18 - Garrad Bible ဧ ပိ ကု ရန် နှင့် သ တော အိတ် ခေါ် သင်္ဂြိုဟ် တတ် တို့ သည် သူ နှင့် ဆိုင် ပြိုင်၍ အ ချို့ က ဤ စ ကား အိုး ကား မည် သို့ ပြော ဆို လို သ နည်း ဟူ၍ လည်း ကောင်း၊ ယေ ရှု အ ကြောင်း နှင့် ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း ပေါ လု ဟော ပြော သော ကြောင့်၊ အ ချို့ က ထူး ခြား သော နတ် များ ကို ရည် လျက် ဖော် ပြ ဟန် ရှိ သည် ဟူ၍ လည်း ကောင်း ပြော ဆို ပြီး လျှင်၊ Common Language Bible ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။- Judson Bible ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရာသောလူသည် အဘယ်သို့ပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်းတစ်နိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏တရားနှင့် ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။ |
မိုက် မဲ သူ နား ကြား အောင် မ ပြော နှင့်။ သင့် ပ ညာ စ ကား ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။
ကိုယ်၌ ဉာဏ် ရှိ သည် ဟု ထင် သော သူ့ ကို တွေ့ ရှိ သ လော။ ထို သူ ထက်၊ မိုက် မဲ သော သူ အ ဖို့ မျှော် လင့် ရာ အ ကြောင်း ရှိ သေး၏။
တ ပည့် တော် တို့ ရှိ ရာ သို့ ရောက် သော် ဝန်း ရံ သော လူ ပ ရိတ် သတ် ကြီး နှင့် ဆွေး နွေး မေး မြန်း သော ကျမ်း တတ် ဆ ရာ တို့ ကို မြင် ကြ၏။
ထို အ ရပ် မှ ထွက် ကြွ တော် မူ သော် ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ သည် ကိုယ် တော် ကို ကြီး စွာ ရန် ငြိုး ဖွဲ့ သ ဖြင့် နှုတ် တော် ထွက် စ ကား ကို ဖမ်း မိ ရန် စောင့် စား လျက် အ မျိုး မျိုး မေး မြန်း ကြ ၏။
လွှတ် တော် မှ ထွက် သွား ပြီး လျှင် ဗိ မာန် တော် ၌ လည်း ကောင်း၊ ကိုယ့် အိမ်၌ လည်း ကောင်း၊ ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း နေ့ စဉ် မ ပြတ် သွန် သင် ဟော ပြော လျက် နေ ကြ၏။
ထို အ ခါ လူ လွတ် များ ဟု တွင် သော အ သင်း သား တို့ မှ စ၍ ကု ရေ နေ နှင့် အာ လေ ဇ န္ဒြိ ယ မြို့ သား၊ ကိလိ ကိ နှင့် အာ ရှိ ပြည် သား အ ချို့ သည် ထ ရပ်၍ သ တေ ဖန် နှင့် ငြင်း ခုံ ကြ ရာ၊
မည် သူ မျှ ကိုယ် ကို မ လှည့် ဖြား စေ နှင့်။ ဘု ရား သ ခင့် ရှေ့ တော်၌ လော ကီ ပ ညာ သည် အ မိုက် ဖြစ် သော ကြောင့် မည် သူ မ ဆို ယ ခု ကာ လ ဆိုင် ရာ ပ ညာ ရှိ သည် ဟု ထင် မှတ် လျှင် ပ ညာ မှန် ရှိ စေ ရန် လူ မိုက် ဖြစ် ပါ စေ။ အ သို့ ဆို သော် ကိုယ် တော် သည် ပ ညာ ရှိ တို့ ကို ကိုယ့် စဉ်း လဲ ခြင်း အား ဖြင့် ဖမ်း ဆီး တော် မူ သည် ဟူ၍လည်းကောင်း၊ ပ ညာ ရှိ တို့ အ ကြံ အ စည် များ သည်၊
ငါ တို့ သည် ခ ရစ် တော့် အ တွက် လူ မိုက်၊ သင် တို့ သည် ခ ရစ် တော် အား ဖြင့် ပ ညာ ရှိ၊ ငါ တို့ သည် အား နည်း သူ၊ သင် တို့ သည် အား ကြီး သူ၊ ငါ တို့ သည် အ သ ရေ မဲ့ သူ၊ သင် တို့ သည် အ သ ရေ ရှိ သူ များ ဖြစ် ကြ ပြီ တ ကား။
ခ ရစ် တော်၏ အ လို တော် အ တိုင်း မ ဟုတ်၊ လူ တို့ သင် ရိုး မှ စ၍ လော ကီ စာ ဝါ ငယ် အ တိုင်း သင်္ဂြိုဟ် အ တတ် နှင့် မိ စ္ဆာ ဒိ ဌိ အ ယူ ဖြင့် သင် တို့ ကို မည် သူ မျှ တင် စား ခွင့် မ ရ စေ ရန် သ တိ ပြု ကြ လော့။