တမန်တော်ဝတ္ထု 16:4 - Garrad Bible ထို နောက် မြို့ ရွာ များ ကို လျှောက် သွား ကြ စဉ် ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် နှင့် ဥ က္က ဋ္ဌ တို့ ဆုံး ဖြတ် သော အ ချက် ချက်ကို စောင့် ရှောက် ကြ စေ ရန် ပေး အပ် သည့် အ တိုင်း၊ Common Language Bible သူတို့သည်မြို့များကိုဖြတ်၍သွားကြသော အခါ ယေရုရှလင်မြို့၌နေသောတမန်တော် များနှင့်အသင်းတော်လူကြီးများပြဋ္ဌာန်း သောပညတ်များကိုရှင်းလင်းပြောပြကာ ယုံကြည်သူတို့လိုက်နာကျင့်သုံးရန်ညွှန် ကြားကြ၏။- Judson Bible သူတို့သည် မြို့များကိုလျှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများကျင့်စောင်ဖို့ရာ အပ်ပေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားရင်း ဂျေရုဆလင်မြို့၌ရှိသောတမန်တော်များနှင့် အသင်းတော်အကြီးအကဲများဆုံးဖြတ်ထားသောစည်းမျဉ်းတို့ကို စောင့်ထိန်းစေရန် လူတို့အားပေးအပ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် မြို့များကို ဖြတ်သွားကြစဉ် ဂျေရုဆလင်မြို့ရှိ အသင်းတော်အကြီးအကဲများနှင့် တမန်တော်တို့မှ ဆုံးဖြတ်ထားသောပညတ်တို့ကို ယုံကြည်သူများ လိုက်နာရန် ညွှန်ကြားကြ၏။ |
ပေါ လု နှင့် ဗာ န ဗ တို့ တစ် ဘက် ဆို ခဲ့ သူ တို့ တစ် ဘက် များ စွာ ဆွေး နွေး ငြင်း ခုန် ခြင်း ဖြစ် ပေါ် သ ဖြင့် ညီ အစ် ကို တို့ သည် ပေါ လု နှင့် ဗာ န ဗ ကို သူ တို့ အ နက် အ ချို့ ပါ ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် များ ဥ က္က ဋ္ဌများ ထံ သွား ကြ စေ ရန် စီ မံ ကြ၏။
ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ ပြီး နောက် အ သင်း တော် မှ စ၍ တ မန် တော် နှင့် ဥ က္က ဋ္ဌ တို့ လက် ခံ ကြ သည့် ကာ လ သူ တို့ အား ဖြင့် ဘု ရား သ ခင် ပြု တော် မူ သ မျှ ကို ပြန် ကြား ကြ ရာ၊
ထို အ ကြောင်း ကို စဉ်း စား ရန် တ မန် တော် တို့ နှင့် ဥ က္က ဋ္ဌ တို့ စည်း ဝေး လျက် ရှိ ကြ သည့် ကာ လ၊