တမန်တော်ဝတ္ထု 15:1 - Garrad Bible ထို အ ခါ အ ချို့ သော သူ တို့ သည် ယု ဒ ပြည် မှ ရောက် လာ၍ ညီ အစ် ကို တို့ အား သင် တို့ သည် မော ရှေ၏ ထုံး နည်း အ တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ လျှင် ကယ် တင် တော် မူ ရာ သို့ မ ရောက် နိုင် ဟု သွန် သင် ကြ ရာ၊ Common Language Bible လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။- Judson Bible ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒပြည်မှ ဆီးရီးယားပြည်ရှိ အန္တိအုတ်မြို့သို့ ဆင်းလာကြသောလူတချို့သည် ယုံကြည်သူတို့အား “သင်တို့သည် မောရှေ၏ပညတ်တရားနှင့်အညီ အရေပြားလှီးခြင်းမင်္ဂလာမခံယူပါက ကယ်တင်ခြင်းကို ခံစားခွင့်မရပါ” ဟု သွန်သင်ကြ၏။ |
မောရှေသည်ကိုယ်တိုင်ဦးစွာမဟုတ်၊ ဘိုးဘေးတို့ထံမှဆက်ခံ၍ သင်တို့အားလှီးဖြတ်ခြင်းမင်္ဂလာကိုပေးသဖြင့် ဥပုသ်နေ့တွင်လှီးဖြတ်ခြင်းမင်္ဂလာတရားကို သင်တို့ပေးတတ်ကြ၏။
ထို နေ့ ရက် ကာ လ ပေ တ ရု သည် တစ် ရာ့ နှစ် ဆယ် ခန့် ရှိ သော ညီ အစ် ကို တို့ စု ဝေး ရာ အ လယ် တွင် ရပ် လျက်၊
ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊
တ မန် တော် နှင့် ဥ က္က ဋ္ဌ ဖြစ် သူ ညီ အစ် ကို တို့ က အ န္တိ အုတ် မြို့ မှ စ၍ ရှု ရိ နှင့် ကိ လိ ကိ ပြည် ရှိ လူ မျိုး ခြား တို့ အ နက် ညီ အစ် ကို ဖြစ် သူ တို့ ထံ မေ တ္တာ ပို့၍ ကြား လိုက် သည်။
ငါ တို့ ဘောင် မှ လူ အ ချို့ သည် အ ခွင့် မ ရ ဘဲ သူ တို့ သွန် သင် ခြင်း အား ဖြင့် သင် တို့ စိတ် ပျက် အောင် ဒု က္ခ ရှာ ကြောင်း၊
သို့ ဖြစ်၍ အ သင်း တော် ပို့ လိုက် သော ထို သူ တို့ သည် ဖိ နိတ် နယ်၊ ရှ မာ ရိ နယ် များ ကို ဖြတ် လျက် လူ မျိုး ခြား တို့ ပြောင်း လဲ ခြင်း အ ကြောင်း ကြား ပြော ကြ သ ဖြင့် ညီ အစ် ကို ရှိ သ မျှ တို့ အား ရ ဝမ်း မြောက် ကြ၏။
ပ ရော ဖက် ဖြစ် သော ယု ဒ နှင့် သိ လ တို့ လည်း ညီ အစ် ကို တို့ ကို များ စွာ နှိုး ဆော် လျက်၊ တည် ကြည် စေ လျက်၊
ဖာ ရိ ရှဲ ဂိုဏ်း သား အ နက် ယုံ ကြည် သူ အ ချို့ သည် ထ၍ ထို သူ တို့ အား လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရ မည့် ပြင် မော ရှေ၏ ပ ညတ် တ ရား ကို စောင့် ရှောက် ရန် မှာ ထား ရ မည် ဟု ဆို ကြ၏။
ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။
နာ ဇ ရက် မြို့ သား ယေ ရှု ဆို သူ သည် ဤ ဌာ န တော် ကို ဖြို ဖျက်၍ မော ရှေ အပ် ပေး သော ထုံး နည်း များ ကို လွှဲ ပြောင်း လိမ့် မည် ဟူ သော စ ကား ကို ကျွန်ုပ် တို့ ကြား ပါ သည် ဟု ပြော စေ ၏။
ဆယ့် လေး နှစ် ကြာ ပြီး နောက် ငါ သည် တိ တု ကို ခေါ် လျက် ဗာ န ဗ နှင့် အ တူ ဗျာ ဒိတ် တော် ခံ ရ သည့် အ လျောက် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍ ငါ ဆောင် ရွက် ဆဲ မှု၊ ဆောင် ရွက် ခဲ့ မှု၊ အ ကျိုး မဲ့ ဖြစ် မ ဖြစ် သိ ခြင်း ငှာ လူ မျိုး ခြား တို့ အား ကြား ပြော သော သ တင်း တော် ကို အ ကြီး အ မှူး တို့ ထံ အ သီး အ ခြား ဖွင့် ပြ ခဲ့၏။
ခ ရစ် တော် ယေ ရှု၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ရှိ မ ရှိ အ ကျိုး မ ပေး နိုင်။ ချစ် ခြင်း မေ တ္တာ ကို ပြု ပြင် သော ယုံ ကြည် ခြင်း သာ လျှင် ပေး နိုင် ၏။
ကိုယ် ကာ ယ၌ ဂုဏ် အ သ ရေ ထင် ပေါ် စေ လို သ မျှ သော သူ တို့ သည် အ ခြား မ ဟုတ် ခ ရစ် တော်၏ ကား တိုင် အ တွက် ကိုယ် တိုင် ညှင်း ပန်း ခံ ရ မည် စိုး၍ သင် တို့ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ စေ ကြ၏။
ထို့ ကြောင့် စား သောက် မှု နှင့် စပ်၍ ဖြစ် စေ၊ ပွဲ နေ့၊ လ ဆန်း နေ့၊ ဥ ပုသ် နေ့ အ မှု နှင့် စပ်၍ ဖြစ် စေ၊ သင် တို့ ကို မည် သူ မျှ မ စီ ရင်၊ မ ဆုံး ဖြတ် စေ နှင့်။
ခ ရစ် တော်၏ အ လို တော် အ တိုင်း မ ဟုတ်၊ လူ တို့ သင် ရိုး မှ စ၍ လော ကီ စာ ဝါ ငယ် အ တိုင်း သင်္ဂြိုဟ် အ တတ် နှင့် မိ စ္ဆာ ဒိ ဌိ အ ယူ ဖြင့် သင် တို့ ကို မည် သူ မျှ တင် စား ခွင့် မ ရ စေ ရန် သ တိ ပြု ကြ လော့။