အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် မီး ခွက် သ ဖွယ် ဖြစ် လျက် အ ကျွန်ုပ်၏ မှောင် မိုက် ကို လင်း စေ တော် မူ ပါ လိမ့် မည်။
တမန်တော်ဝတ္ထု 12:7 - Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် တစ် ပါး ရပ် လာ၍ နှောင် အိမ့် အ တွင်း အ လင်း တောက် ပ၏။ စေ တ မန် တော် သည် ပေ တ ရု နံ ဘေး ကို ပုတ် လျက် အ မြန် ထ လော့ ဟု နှိုး သော်၊ လက် မှ သံ ကြိုး များ ကျွတ် ကျ သည့် ကာ လ၊ Common Language Bible ထာဝရဘုရား၏ကောင်းကင်တမန်သည် ပေတရုအနီးတွင်ရုတ်တရက်ပေါ်လာ၍ အချုပ်ခန်းသည်ထွန်းလင်းလျက်နေ၏။ ကောင်း ကင်တမန်သည်ပေတရု၏ပခုံးကိုပုတ်၍ ``မြန်မြန်ထလော့'' ဟုဆိုကာနှိုး၏။ ထိုအခါ သံကြိုးတို့သည်ပေတရု၏လက်မှကျွတ် ကျ၏။- Judson Bible ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် အချုပ်ခန်းထဲတွင် အလင်းရောင်ထွန်းလင်းလေ၏။ ထို့နောက် ပေတရုနံဘေးကို ပုတ်နှိုး၍ “အလျင်အမြန်ထလော့” ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် ပေတရု၏လက်မှ ကျွတ်ကျလေ၏။ |
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် မီး ခွက် သ ဖွယ် ဖြစ် လျက် အ ကျွန်ုပ်၏ မှောင် မိုက် ကို လင်း စေ တော် မူ ပါ လိမ့် မည်။
ထာ ဝ ရ ဘု ရား ၏ စေ တ မန် တော် လာ ပြန်၍ တို့ လျက်၊ အား ကုန် လောက် အောင် ခ ရီး ရှည် သော ကြောင့် ထ စား ဦး လော့ ဟု ဆို သည့် အ လျောက် နိုး ထ စား သောက် ပြီး လျှင်၊
ဆင်း ရဲ ဒု က္ခ ထဲ က ကယ်၍၊ မှောင် မိုက် ရာ အ ရပ်၊ သေ မင်း အ ရိပ် ထဲ က ထုတ် ဆောင် လျက်၊ သူ တို့ အ ချည် အ နှောင် များ ကို ဖြည် တော် မူ ၏။
ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊
ညှဉ်း ပန်း ခံ ရ သူ တို့ အ ဖို့ တ ရား သ ဖြင့် ဆုံး ဖြတ် လျက်၊ ဆာ မွတ် သူ တို့ ကို ကျွေး မွေး လျက်၊ အ ကျဉ်း ခံ ရ သူ တို့ ကို လွှတ် တော် မူ ၏။
ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည်၊ ခန့် ညား သူ တို့ ပတ် လည်၌ တပ် ချ လျက်၊ ကယ် လွှတ် တတ် ၏။
ဘု ရား သ ခင် သည်၊ အ သီး ပု ဂ္ဂိုလ် တို့ အား နေ ရာ ပေး လျက်၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ကောင်း စား ရာ သို့ ပို့ ဆောင် တော် မူ၏။ ပုန် ကန် တတ် သူ တို့ မူ ကား၊ သွေ့ ခြောက် ရာ၌ နေ ထိုင် ရ ကြ၏။
သင့် ကိုယ် တိုင် မှတ် ရန် သက် သေ လ က္ခ ဏာ ကား ဤ နှစ် တွင် အ လေ့ ပေါက် မြေ ထွက် ကိုလည်း ကောင်း၊ ဒု တိ ယ နှစ် တွင် ကောက် အိုင်း ကို လည်း ကောင်း၊ စား ရ လျက်၊ တ တိ ယ နှစ် တွင် မျိုး ကြဲ ရိတ် သိမ်း ခွင့်၊ စ ပျစ် ပင် စိုက် ပျိုး ခွင့် ရ၍၊ အ သီး အ နှံ ကို စား ရ ကြ လိမ့် မည်။
သင့် အ လင်း သည် ဝင် ရောက်၍ သင့် အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထွန်း လင်း ပြီး ဖြစ် သော ကြောင့်၊ ထ ၍ ထွန်း တောက် လော့။
ဗာ ဗု လုန် မြို့ သို့ သုံ့ ပန်း သိမ်း သွား ခံ ရ သော၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား တို့ နှင့် တ ကွ သံ ကြိုး ဖြင့် ချည် နှောင် လျက်၊ ရာမ မြို့ ရောက် အ ပို့ ခံ ရ သော ယေ ရ မိ ကို ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် လွတ် သွား ခွင့် ပြု ပြီး နောက် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည် ယေ ရ မိ သို့ ရောက် လာ ၏။
ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် ဘုန်း တော် သည်၊ သ မု ဒ္ဒ ရာ ဟုန်း သော အ သံ တော် နှင့်၊ အ ရှေ့ မျက် နှာ မှ ကြွ လာ ရာ၊ ဘုန်း တော် ကြောင့် နေ ပြည် လုံး ထွန်း တောက် သည် ကို ငါ မြင် ၏။
နေ ဗု ခဒ် နေ ဇာ မင်း က လည်း ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ တို့ သည် ကိုယ့် ဘု ရား မှ တစ် ပါး၊ အ ခြား သော ဘု ရား ကို ဝတ် မ ပြု၊ ရှိ မ ခိုး ဘဲ ဘု ရင့် အ မိန့် တော် ကို ဖီ ဆန် ကာ ကိုယ် ခ န္ဓာ ကို ပင် အပ် နှင်း လျက် အား ကိုး သော ထို ကျွန် တော် များ ကို၊ စေ လွှတ် လိုက် သော တ မန် တော် အား ဖြင့် ကယ် ဆယ် တော် မူ သော ဘု ရား သ ခင် သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။
ကျွန် တော် မျိုး သည် ဘု ရား သ ခင့် ရှေ့ အ ပြစ် ကင်း သူ၊ ဘု ရင် မင်း မြတ် ကို လည်း အ န္တ ရာယ် မ ပြု သူ ဖြစ် ပါ သော ကြောင့် ကျွန် တော် မျိုး၏ ဘု ရား သ ခင် သည် စေ တ မန် တော် စေ လွှတ်၍ ခြင်္သေ့ တို့ နှုတ် ကို ပိတ် သ ဖြင့် အ န္တ ရာယ် မ ပြု နိုင် ကြ ပါ ဟု ပြန် လျှောက် လေ လျှင်၊
ငါ သည် ထာ ဝ ရ ဘု ရား အား ပြစ် မှား မိ သော ကြောင့်၊ ငါ့ အ မှု ကို လဲ လျှောက်၍ စီ ရင် တော် မ မူ မ ချင်း၊ အ မျက် တော် ဒဏ် ကို သည်း ခံ မည်။ အ လင်း သို့ ထုတ် ဆောင် တော် မူ မည့် အ လျောက်၊ ဖြောင့် မတ် တော် မူ ခြင်း ကို ငါ ဖူး မြင် ရ သော အ ခါ၊
လွှတ် သော မြှား တော် တောက် ပ ခြင်း၊ လှံ တော် ထိန် ဝင်း ပြောင် လက် ခြင်း ကြောင့်။ နေ မင်း လ မင်း တို့ သည်၊ နိ ယ တုံ မှီး ကို ရ ကြ၏။
ဝဲ ယာ တော်၌ လျှပ် စစ် လျှပ် သ ကဲ့ သို့ လွှတ် တော် မူ သော ရောင် ခြည် သည်။ အ စွမ်း သ တ္တိ တော်၏ အ ကွယ် အ ကာ ဖြစ်၏။
ထို သူ တို့ ထွက် သွား သည့် နောက် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် ယော သပ် အား အိပ် မက် ထင် ရှား လျက် ထ လော့။ ဟေရုဒ် မင်း သည် သူ ငယ် တော် ကို ကွပ် မျက် ရန် ရှာ ကြံ သော ကြောင့် သူ ငယ် တော် နှင့် မယ် တော် ကို ခေါ် ဆောင်၍ အိ ဂျစ် ပြည် ရောက် ထွက် ပြေး ပြီး လျှင် ငါ ကြား ပြော မည့် ကာ လ တိုင် အောင် နေ လော့ ဟု ဆို သည့် အ တိုင်း ယော သပ် ထ ပြီး လျှင်
ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ပေါ် လာ၍ သူ တို့ ပတ်၀န်း ကျင် တွင် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထွန်း တောက် သ ဖြင့် အ လွန် ကြောက် ရွံ့ ကြ သော်၊
ထို အ ခြင်း အ ရာ ကြောင့် စိတ် ရှုပ် ထွေး လျက် ရှိ နေ ကြ စဉ် တောက် ပ သော ဖွဲ့ ဖြူ ဆင် ယင် သူ နှစ် ပါး တို့ သည် ထင် ရှား ပြီး လျှင်၊
ကော် နေ လိ က လည်း ယ မန် လေး ရက်၊ ယ ခု အ ချိန် မွန်း လွဲ သုံး နာ ရီ တွင် အိမ်၌ ကျွန် တော် ပ ဌ နာ ပြု နေ စဉ် ဖွဲ့ ဖြူ ဆင် ယင် သူ တစ် ပါး သည် ကျွန် တော့် ရှေ့ ရပ် လာ လျက်၊
ဟေ ရုဒ် မင်း သည် ဘု ရား သ ခင့် ဘုန်း တော် ကို မ ထောက် သော ကြောင့် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် တစ် ပါး ချက် ခြင်း ဒဏ် ခတ် သ ဖြင့် ပိုး စား၍ ကွယ် လွန် လေ၏။
ဟေ ရုဒ် မင်း မ ထုတ် မီ ညဉ့် အ ခါ ရောက် သော် စစ် သည် နှစ် ယောက် ကြား တွင် သံ ကြိုး နှစ် စင်း နှင့် ချည် နှောင် ထား လျက် ထောင် တံ ခါး ရှေ့ အ စောင့် အ ကြပ် များ စောင့် ကြပ် လျက် ပေ တ ရု အိပ် နေ စဉ်၊
စေ တ မန် တော် က ခါး ပန်း လျက် ဖိ နပ် စီး လော့ ဟု မိန့် ဆို သည့် အ တိုင်း ပြု ပြီး နောက် ဝတ် လုံ ရုံ၍ လိုက် ခဲ့ ဟု ထပ် ဆို ရာ၊
ထောင့် တိုက် မြစ် ပါ ခါ၍ ချက် ခြင်း တံ ခါး ရှိ သ မျှ ပွင့် လျက် လူ တိုင်း ခြေ ချင်း လက် ထိတ် ကျွတ်၏။
သင် တို့ ကား တင်၍ သတ် ကြ ရာ သေ ခြင်း ဖြင့် အ ချည် အ နှောင် မ ခံ ရ သည် နှင့် အ ညီ ဘု ရား သ ခင် သည် သေ ခြင်း ဝေ ဒ နာ ငြိမ်း စေ လျက် ရှင် ပြန် ထ မြောက် စေ တော် မူ ပြီ။
နှောင် အိမ် တွင် ချ ထား ကြ ရာ ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် ညဉ့် အ ခါ ထောင် တံ ခါး ကို ဖွင့်၍ ထုတ် ဆောင် လျက် သွား ကြ လော့။
သွား၍ ဒ မာ သက် မြို့ အ နီး သို့ ရောက် သော် သူ့ ပတ် လည် တွင် ကောင်း ကင် မှ အ လင်း ရုတ် တ ရက် တောက် ပ သ ဖြင့်၊
သို့ နှင့် အ ညီ အိပ် နေ သူ နိုး၍ သူ သေ တို့ အ ထဲ မှ ထ မြောက် လော့။ ခ ရစ် တော် သည် သင့် အ ပေါ် တွင် ထွန်း လင်း တော် မူ လိမ့် မည် ဟု အ ဆို ရှိ၏။
၎င်း တို့ ရှိ သ မျှ သည် ကယ် တင် တော် မူ ခြင်း ကို အ ပိုင် ရ မည့် သူ တို့ အ တွက် ဆောင် ရွက် ရန် စေ လွှတ် တော် မူ သော အ မှု တော် ထမ်း ဝိ ညာဉ် များ ဖြစ် ကြ သည် မ ဟုတ် လော။
ထို နောက် ကြီး စွာ သော အ ခွင့် အာ ဏာ ဆောင် စေ တ မန် တော် တစ် ပါး သည် ကောင်း ကင် ဘုံ မှ ဆင်း သက် သည် ကို ငါ မြင် ရာ မြေ ကြီး သည် သူ့ ဘုန်း ရောင် နှင့် ထွန်း လင်း လျက် ရှိ၏။