တစ် ဖန် ငါ အ မှန် ဆို သည် မှာ သင် တို့ အ နက် နှစ် ဦး နှစ် ယောက် သည် တောင်း လေ ရာ ရာ၌ စပ်၍ မြေ ကြီး ပေါ် တွင် သ ဘော ချင်း တူ ညီ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် သည် ထို အ ရာ ကို သ နား တော် မူ မည်။
တမန်တော်ဝတ္ထု 12:5 - Garrad Bible အ သင်း တော် သည် အ ကျဉ်း ကျ လျက် နေ သော ပေ တ ရု အ တွက် ဘု ရား သ ခင့် ထံ စိတ် အား ကြီး စွာ တောင်း လျှောက် ကြ၏။ Common Language Bible သို့ဖြစ်၍ပေတရုသည်ထောင်ထဲမှာအကျဉ်း ချထားခြင်းကိုခံရ၏။ သို့သော်အသင်းတော် ဝင်အပေါင်းတို့သည်ပေတရု၏အတွက် စိတ် အားထက်သန်စွာဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။ Judson Bible ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဖို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ပေတရုသည် ထောင်ထဲ၌ ထိန်းသိမ်းထားခြင်းခံရ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာဆုတောင်းလျက်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ပေတရုသည် ထောင်ထဲတွင်ရှိနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားပြင်းပြစွာ ဆုတောင်းလေ၏။ |
တစ် ဖန် ငါ အ မှန် ဆို သည် မှာ သင် တို့ အ နက် နှစ် ဦး နှစ် ယောက် သည် တောင်း လေ ရာ ရာ၌ စပ်၍ မြေ ကြီး ပေါ် တွင် သ ဘော ချင်း တူ ညီ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် သည် ထို အ ရာ ကို သ နား တော် မူ မည်။
တ ပည့် တော် တို့ သည် အ ခါ ခပ် သိမ်း စိတ် အား မ လျော့ ပဲ ပ ဋ္ဌ နာ ပြု သင့် ကြောင်း ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊
အ များ တို့ စည်း ဝေး တောင်း လျှောက် နေ ရာ မာ ကု ခေါ် ယော ဟန်၏ အ မိ မာ ရိ အိမ် သို့ သွား လေ၏။
တ ဆေး မဲ့ မုန့် ပွဲ အ ခါ ဖြစ် သ ဖြင့် ပ သ ခါ ပွဲ ပြီး မှ ပြည် သူ ပြည် သား တို့ အ ရှေ့ ထုတ် မည့် အ ကြံ နှင့်၊ စစ် သည် အ စောင့် အ ကြပ် တစ် ဆယ့် ခြောက် ယောက် တို့ လက် သို့ ပေ တ ရု ကို အပ်၍ နှောင် အိမ် ချ ထား သည့် အ တိုင်း၊
ဟေ ရုဒ် မင်း မ ထုတ် မီ ညဉ့် အ ခါ ရောက် သော် စစ် သည် နှစ် ယောက် ကြား တွင် သံ ကြိုး နှစ် စင်း နှင့် ချည် နှောင် ထား လျက် ထောင် တံ ခါး ရှေ့ အ စောင့် အ ကြပ် များ စောင့် ကြပ် လျက် ပေ တ ရု အိပ် နေ စဉ်၊
အင်္ဂါ တစ် ခု သည် ဒု က္ခ ရောက် လျှင် အင်္ဂါ ရှိ သ မျှ လည်း အ တူ ရောက်၏။ အင်္ဂါ တစ် ခု သည် ဂုဏ် ရောက် လျင် အင်္ဂါ ရှိ သ မျှ လည်း အ တူ ရွှင် လန်း ရ ကြ၏။
ကိုယ် တိုင် အ ကျဉ်း သား သ ဖွယ် အ ကျဉ်း ကျ သူ တို့ ကိုလည်း ကောင်း၊ ကိုယ် ခ န္ဓာ တည် နေ သော အ ဖြစ် နှိပ် စက် ခံ ရ သူ တို့ ကိုလည်း ကောင်း သ တိ ရ ကြ လော့။
သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။