ထို ကာ လ၊ လူ မျိုး တို့၏ အ လံ သ ဖွယ် တည် သော၊ ယေ ရှဲ၏ အ မြစ် အ ညွန့် ကို လူ မျိုး ခြား တို့ လိုက် ရှာ မေး မြန်း လျက်၊ ကိန်း ဝပ် တော် မူ ရာ အ ရပ် သည် ဘုန်း ကြီး လိမ့် မည်။
တမန်တော်ဝတ္ထု 11:18 - Garrad Bible ထို အ ကြောင်း အ ရာ များ ကို ကြား သော် သူ တို့ သည် ဝန် ခံ၍ သို့ ဖြစ် လျှင် အ သက် ရှင် စေ ရန် နောင် တ ရ ခြင်း အ ခွင့် ကို လူ မျိုး ခြား တို့ အား လည်း ဘု ရား သ ခင် သ နား တော် မူ ပြီ ဟု ဆို လျက် ဘုန်း တော် ကို ချီး မြှောက် ကြ၏။ Common Language Bible ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ Judson Bible ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲနေ၍၊ အကယ်စင်စစ် ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှာ၊ နောင်တတရားကို တစ်ပါးအမျိုးသားတို့အားလည်း ပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။ |
ထို ကာ လ၊ လူ မျိုး တို့၏ အ လံ သ ဖွယ် တည် သော၊ ယေ ရှဲ၏ အ မြစ် အ ညွန့် ကို လူ မျိုး ခြား တို့ လိုက် ရှာ မေး မြန်း လျက်၊ ကိန်း ဝပ် တော် မူ ရာ အ ရပ် သည် ဘုန်း ကြီး လိမ့် မည်။
မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ဖြောင့် မတ် စွာ နေ သ ဖြင့်၊ ဘုန်း တော် ထင် ရှား စေ ရန် ငါ စိုက် ပျိုး သော ပျိုး ပင်၊ ငါ၏ လက် မှု အ ဖြစ်၊ နေ ပြည် ကို ထာ ဝ ရ ပိုင် ခွင့် ရ ကြ လိမ့် မည်။
သ ဘော အ သစ် ကို ပေး လျက်၊ ဝိ ညာဉ် အ သစ် ကို သွင်း လျက်၊ ကျောက် ခဲ နှ လုံး ကို နုတ် ယူ၍ အ သား နှ လုံး ကို ပေး သ နား ရာ၊
ဣ သ ရေ လ အ မျိုး သား တို့ မှ စ၍၊ ဝင် နေ လျက် သား သ မီး ရ သော လူ မျိုး ခြား တို့ အား အ ပိုင် ပေး ဝေ ရ မည်။ ထို သူ တို့ သည် ဣ သ ရေ လ တိုင်း ရင်း သား တို့ နှင့် မ ခြား ဘဲ၊ ဣ သ ရေ လ အ နွယ် တို့ နှင့် အ တူ အ ပိုင် ရ ကြ မည်။
ဒါ ဝိဒ် မင်း မျိုး မှ စ သော၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ပေါ်၌၊ ကျေး ဇူး တော် ရ လို၍၊ အ သ နား တော် ခံ သော သ ဘော ကို သွန်း လောင်း သ ဖြင့်၊ ၎င်း တို့ သည်၊ ထိုး ဖောက် ခဲ့ သော သူ့ ကို ရှု မြော်၍ ဧ က ပု တ္တ သား အ တွက် မြည် တမ်း သ ကဲ့ သို့ လည်း ကောင်း၊ သား ဦး အ တွက် ကြင် နာ သ ကဲ့ သို့လည်း ကောင်း၊ မြည် တမ်း ကြင် နာ ကြ လ တ္တံ့။
ထို အ ခါ လူ မျိုး ခြား တို့ လည်း ဘု ရား သ ခင့် တ ရား တော် ကို ခံ ယူ ကြောင်း ယု ဒ နယ် နေ တ မန် တော် တို့ နှင့် ညီ အစ် ကို တို့ ကြား ကြ သည့် အ တိုင်း၊
ဆိုက် လျှင် အ သင်း တော် ကို စု ရုံး စေ ပြီး သော် ဘု ရား သ ခင် သည် သူ တို့ အား ဖြင့် ပြု တော် မူ သ မျှ ကိုလည်း ကောင်း၊ လူ မျိုး ခြား တို့ အ ဖို့ ယုံ ကြည် ခြင်း တံ ခါး ဖွင့် တော် မူ ကြောင်း ကိုလည်း ကောင်း ပြန် ကြား ပြီး နောက်၊
သို့ ဖြစ်၍ အ သင်း တော် ပို့ လိုက် သော ထို သူ တို့ သည် ဖိ နိတ် နယ်၊ ရှ မာ ရိ နယ် များ ကို ဖြတ် လျက် လူ မျိုး ခြား တို့ ပြောင်း လဲ ခြင်း အ ကြောင်း ကြား ပြော ကြ သ ဖြင့် ညီ အစ် ကို ရှိ သ မျှ တို့ အား ရ ဝမ်း မြောက် ကြ၏။
ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။
ထို့ ကြောင့် သင် တို့ အ ပြစ် ဒု စ ရိုက် များ ပ ပျောက် စေ ရန် နောင် တ ရ ၍ ပြောင်း လဲ ကြ လော့။ သို့ ပြု လျှင် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ချမ်း သာ ရာ အ ချိန် ကာ လ ရောက် လာ လျက် ယေ ရှု တည်း ဟူ သော သင် တို့ အ ဖို့ ခန့် ထား တော် မူ ခဲ့ သော ခ ရစ် တော် ကို စေ လွှတ် တော် မူ လိမ့် မည်။
ဘု ရား သ ခင် သည် ကျွန် တော် ရင်း ကို ပေါ် ထွန်း စေ တော် မူ ပြီး လျှင် ဆိုး သွမ်း ရာ မှ လူ တိုင်း ပြောင်း လဲ သ ဖြင့် ကောင်း ချီး မင်္ဂ လာ ခံ ရ စေ ခြင်း ငှါ သင် တို့ ထံ ဦး စွာ စေ လွှတ် တော် မူ သည် ဟု ဆို လေ ၏။
ဣ သ ရေ လ လူ မျိုး အား နောင် တ ရ ခွင့် နှင့် အ ပြစ် ပြေ လွတ် ခွင့် ကို သ နား စေ ရန်၊ မင်း အ ဖြစ်၊ ကယ် တင် ရှင် အ ဖြစ်၊ ညာ လက် ရုံး တော် ဖြင့် ချီး မြှောက် တော် မူ ပြီ။
သို့ ဖြစ် လျှင် မည် သို့ ဆို ရ အံ့ နည်း။ ဖြောင့် မတ် ခြင်း ကို မ လိုက် မ ရှာ သော လူ မျိုး ခြား တို့ သည် ယုံ ကြည် ခြင်း ကြောင့် ဖြစ် သော ဖြောင့် မတ် ခြင်း ကို ခံ ရ ကြ ရာ၊
သို့ ဖြစ်၍ ငါ တို့ ရှိ သ မျှ သည် အ ရှင် ဘု ရား၏ ဘုန်း တော် ကို ဝိ ညာဉ် တော် အ ရှင် ဘု ရား အ ထံ တော် မှ ခံ ရ သည့် အ လျောက် အ ဖုံး မ ဆင် ယင် သော မျက် နှာ များ ဖြင့် မှန် ရိပ် သ ဖွယ် ပြ လျက် ဘုန်း တော် အ ဆင့် ဆင့် သို့ ရောက်၍ ပုံ သ ဏ္ဌာန် တော် အ လိုက် အ ဆင်း ပြောင်း ရ ကြ ၏။
ဘု ရား သ ခင့် နည်း လမ်း တော် အ တိုင်း ပူ ပန် ခြင်း အ ကျိုး သည် ကယ် တင် ခြင်း အ လို့ ငှာ နှ မြော ခြင်း ကင်း သော နောင် တ ရ ခြင်း ဖြစ်၏။ ဤ လော က နည်း လမ်း အ တိုင်း ပူ ပန် ခြင်း အ ကျိုး ကား သေ ခြင်း တည်း။
ဖျက် ဆီး ခဲ့ သော ယုံ ကြည် ခြင်း တ ရား ကို ဟော ပြော လျက် နေ ကြောင်း၊ သ တင်း ကြား ရုံ ရှိ သ မျှ ဖြင့် ငါ့ ကြောင့် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ကြ ကုန်၏။
ပ ရော ဟိတ် ဖိ နပ် ဟတ် နှင့် လိုက် ပါ သူ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် ဖြစ် သော ပ ရိ သတ် အ ကြီး အ ကဲ တို့ သည် ရု ဗင်၊ ဂဒ်၊ မ နာ ရှေ့ အ နွယ် သား တို့ ပြော ဆို သော စ ကား ကို ကြား လျှင်၊ နှစ် သက် ကြ သ ဖြင့်