ယေ ရှု သည် ထို အ ရပ် မှ ထွက် ကြွ တော် မူ စဉ် အ ခွန် ရုံ တွင် ထိုင် နေ သော မဿဲ အ မည် ရှိ သူ တစ် ယောက် ကို မြင်၍ ငါ့ နောက် လိုက် လော့ ဟု မိန့် တော် မူ သော် ထို သူ သည် ထ၍ နောက် တော် က လိုက်၏။
တမန်တော်ဝတ္ထု 1:13 - Garrad Bible မြို့ တွင်း သို့ ရောက် သော် တည်း ခို ရာ အ ထက် ခန်း သို့ တက် ကြ ၏။ ပြန် ရောက် သူ တို့ မှာ ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ်၊ အ န္ဒြေ၊ ဖိ လိ ပ္ပု၊ သော မ၊ ဗာ သော လ မဲ၊ မဿဲ၊ အာ လ ဖဲ သား ယာ ကုပ်၊ ဝံ သာ နု ရှိ မုန်၊ ယာ ကုပ် သား ယု ဒ တို့ တည်း။ Common Language Bible သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။- Judson Bible ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့ တက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။ |
ယေ ရှု သည် ထို အ ရပ် မှ ထွက် ကြွ တော် မူ စဉ် အ ခွန် ရုံ တွင် ထိုင် နေ သော မဿဲ အ မည် ရှိ သူ တစ် ယောက် ကို မြင်၍ ငါ့ နောက် လိုက် လော့ ဟု မိန့် တော် မူ သော် ထို သူ သည် ထ၍ နောက် တော် က လိုက်၏။
အ သင့် ခင်း ကျင်း ထား သော အ ထက် ခန်း ကြီး ကို ပြ လိမ့် မည်။ ငါ တို့ အ ဖို့ ပြင် ဆင် ကြ ဟု မိန့် တော် မူ ၏။
ပေ တ ရု၊ ယာ ကုပ်၊ ယော ဟန် တို့ ကို ခေါ် သွား ပြီး လျှင် အံ့ အား သင့် ခြင်း၊ ပူ ဆွေး ခြင်း ဖြစ် သ ဖြင့်၊
လျှောက် ကြွ တော် မူ ပြန် စဉ် အ ခွန် ရုံး တွင် ထိုင် နေ သော အာ လ ဖဲ့ သား လေ ဝိ ကို မြင်၍ ငါ့ နောက် လိုက် လော့ ဟု မိန့် တော် မူ သော် ထို သူ သည် ထ၍ နောက် တော် က လိုက် ၏။
ပေ တ ရု မှ စ၍ ညီ အစ် ကို ဖြစ် သူ ယာ ကုပ်၊ ယော ဟန် တို့ ပြင် မည် သူ့ ကို မျှ လိုက် ခွင့် ပြု တော် မ မူ ဘဲ၊
ထို နောက် ခြောက် ရက် လွန် သော် ယေ ရှု သည် ပေ တ ရု၊ ယာ ကုပ်၊ ယော ဟန် တို့ ကို မြင့် စွာ သော တောင် ပေါ် သို့ အ သီး အ ခြား ခေါ် သွား ပြီး လျှင် သူ တို့ ရှေ့ တွင် အ ဆင်း ပြောင်း လျက်၊
ခင်း ကျင်း ထား သော အ ထက် ခန်း ကြီး ကို ပြ လိမ့် မည်။ ပြင် ဆင် ကြ ဟု မိန့် တော် မူ၏။
ဒိဒုမုခေါ်သောမက၊ ငါတို့လည်း ကိုယ်တော်နှင့်အတူအသေခံရန်လိုက်သွားကြကုန်အံ့ဟု တပည့်တော်ချင်းတို့အားဆိုလေ၏။
ထိုအခါ ယုဒဣရှကာရုတ်မဟုတ်၊ အခြားယုဒက အရှင်ဘုရား၊ ကိုယ်တော်သည်တပည့်တော်တို့အား ထင်ရှား၍ လောကသားတို့အားမထင်ရှားမည်မှာ မည်သည့်အဖြစ်အပျက်ကြောင့်ပါနည်းဟုမေးလျှောက်သော်၊
တံခါးစောင့်ကျွန်မက သင်လည်းထိုသူ့တပည့်တို့အပေါင်းပါလောဟု ပေတရုအားမေးရာ၊ ငါမဟုတ်ဟု ပြန်ဆို၏။
ရှိမုန်ပေတရု၊ ဒိဒုမုခေါ်သောမ၊ ဂါလိလဲနယ် ကာနမြို့သားနာသနေလ၊ ဇေဗေဒဲသားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည်အတူရှိနေကြခိုက်၊
ထို အ ခါ ပေ တ ရု သည် ဆိတ် ဆိတ် နေ ကြ စေ ရန် လက် ရိပ် ပြ လျက် နှောင် အိမ် ထဲ မှ ထာ ဝ ရ ဘု ရား မည် သို့ ထုတ် ဆောင် တော် မူ ကြောင်း ဖော် ပြ ပြီး လျှင် ဤ အ ကြောင်း အ ရာ များ ကို ယာ ကုပ် နှင့် ညီ အစ် ကို တို့ အား ကြား ပြော ကြ လော့ ဟု မှာ၍ အ ခြား သို့ ထွက် သွား၏။
ထို အ ခါ ပေ တ ရု သည် တစ် ဆယ့် တစ် ပါး တို့ နှင့် ရပ် လျက် အ သံ ကျယ် စွာ ဟော ပြော သည် မှာ အ ချင်း ယု ဒ ပြည် သား ယေ ရု ရှ လင် မြို့ သူ တို့၊ ငါ့ စ ကား ကို နာ ခံ၍ ဤ အ ကြောင်း ကို သိ မှတ် ကြ လော့။
ပေ တ ရု က နောင် တ ရ၍ အ ပြစ် ပြေ လွတ် ခြင်း အ လို ငှါ လူ တိုင်း ယေ ရှု ခ ရစ်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ လော့။ သို့ ပြု လျှင် သန့် ရှင်း သော ဝိ ညာဉ် တော့် ဆု ကျေး ဇူး ကို ခံ ရ ကြ လိမ့် မည်။
ပ ညာ ရှိ ကျမ်း တတ် မ ဟုတ် ကြောင်း ထို သူ တို့ သိ သ ဖြင့် ပေ တ ရု နှင့် ယော ဟန် တို့ ရဲ ရင့် ခြင်း ကို မြင် သော် အံ့ သြ လျက်၊ ယေ ရှု နှင့် လိုက် ပါ သူ ဖြစ် သည် ကို မှတ် မိ ကြ၏။
သို့ ရာ တွင် ပေ တ ရု နှင့် ယော ဟန် တို့ က ဘု ရား သ ခင့် ဗျာ ဒိတ် တော် ထက် သင် တို့ စ ကား ကို နာ ယူ သော် ဘု ရား သ ခင့် ရှေ့ သင့် မ သင့် ဆုံး ဖြတ် ကြ လော့။
ထို နောက် ယာ ကုပ် အား လည်း ကောင်း၊ တ မန် တော် ရှိ သ မျှ တို့ အား လည်း ကောင်း၊ ထင် ရှား တော် မူ ကြောင်း၊
အ ရှင် ဘု ရား၏ ညီ တော် ယာ ကုပ် မှ တစ် ပါး အ ခြား တ မန် တော် မည် သူ့ ကို မျှ မ တွေ့ ချေ။
ဘု ရား သ ခင်၏ ကျွန် နှင့် အ ရှင် ယေ ရှု ခ ရစ်၏ ကျွန် ဖြစ် သော ယာ ကုပ် က ကွဲ လွင့် လျက် နေ သော တစ် ဆယ့် နှစ် နွယ် တို့ အား မေတ္တာ ကို ရှေ့ ထား၍ ရေး လိုက် သည် မှာ၊
ငါ တို့၌ တည် လျက် ကာ လ အ စဉ် ပါ ရှိ မည့် သ မ္မာ တ ရား အ တွက် ကြောင့် ငါ သာ မ ဟုတ် သ မ္မာ တ ရား ကို သိ ကျွမ်း သူ ခပ် သိမ်း တို့ လည်း သ စ္စာ နှင့် ချစ် ခင် ကြ သော လက် ရွေး ခံ အ ရှင် မ နှင့် သား သ မီး တို့ ထံ ဥ က္က ဋ္ဌ ဖြစ် သူ ငါ ရေး လိုက် သည် မှာ၊
ယေ ရှု ခ ရစ်၏ ကျွန်၊ ယာ ကုပ်၏ ညီ ဖြစ် သော ယု ဒ က အ ဘ ဘု ရား သ ခင် ချစ် တော် မူ သူ၊ ယေ ရှု ခ ရစ် အ ဖို့ စောင့် ထိန်း ၍ ခေါ် ထား တော် မူ သူ တို့ ထံ ရေး လိုက် သည် မှာ၊