လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ မည့် ကာ လ လူ အ သီး အသီး တို့ အား အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ လိမ့် မည်။
တမန်တော်ဝတ္ထု 1:11 - Garrad Bible အ ချင်း ဂါ လိ လဲ နယ် သား တို့၊ အ ဘယ် ကြောင့် ကောင်း ကင် သို့ ကြည့် လျက် နေ ကြ သ နည်း။ သင် တို့ ထံ မှ ကောင်း ကင် သို့ ချီ ဆောင် ခြင်း ကို ခံ တော် မူ သော ထို ယေ ရှု သည် တက် ကြွ တော် မူ ရာ သင် တို့ မြင် ရ သည့် နည်း တူ ပင် ဆင်း ကြွ တော် မူ လိမ့် မည် ဟု ပြော ဆို ကြ ၏။ Common Language Bible ထိုသူတို့က ``ဂါလိလဲပြည်သားတို့၊ သင်တို့ သည်အဘယ်ကြောင့်ရပ်၍မိုးကောင်းကင်သို့ မျှော်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ယူဆောင်ခြင်းကိုခံတော် မူသောသခင်ယေရှုသည် အဘယ်သို့ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည်ကို သင်တို့မြင်ရကြ၏။ ဤနည်းအတိုင်းပင်ထို အရှင်သည်ပြန်လည်ကြွလာတော်မူလတ္တံ့'' ဟုဆိုကြ၏။ Judson Bible အို ဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့ ဟုပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း “ဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ရပ်လျက် ကောင်းကင်ကို စူးစိုက်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် ကောင်းကင်သို့တက်သွားတော်မူသည်ကို သင်တို့မြင်ရသည့်အတိုင်းပင် တစ်ဖန်ကြွလာတော်မူလိမ့်မည်”ဟု မြွက်ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “အို ဂါလိလဲပြည်သားတို့… သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသော ထိုယေရှုသည် ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်ကို သင်တို့မြင်ကြရသည့်နည်းတူ ပြန်၍ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။ |
လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ မည့် ကာ လ လူ အ သီး အသီး တို့ အား အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ လိမ့် မည်။
ဤ တွင် ရပ် နေ သူ အ ချို့ သည် နိုင် ငံ တော် ၌ ကြွ လာ တော် မူ သော လူ သား ကို မ မြင် မီ အ လျှင်း မ သေ ရ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။
ထို အ ခါ မိုး ကောင်း ကင် တွင် လူ့ သား၏ နိ မိတ် လ က္ခ ဏာ ထင် ရှား သ ဖြင့် မ ဟာ ဘုန်း တော် တန် ခိုး တော် ကို ဆောင် လျက် မိုး တိမ် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ မြင်၍ မြည် တမ်း ကြ ရာ။
လူ့ သား သည် ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် အ ပေါင်း တို့ နှင့် တ ကွ ကြွ လာ သော်
ထို အ ခါ မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ကြ ရာ၊
ခ ဏ ကြာ သော် ရပ် နေ သူ တို့ က ပေ တ ရု အား သင် သည် ဂါ လိ လဲ နယ် သား ဖြစ် သည့် အ လျောက် ထို သူ တို့ အ ပေါင်း ပါ စင် စစ် ဖြစ် သည် ဟု ဆို ကြ ရာ၊
အ ရှင် ယေ ရှု သည် ထို သို့ မိန့် တော် မူ ပြီး မှ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ကို ခံ၍ ဘု ရား သ ခင့် ယာ ဘက် တော်၌ စံ တော် မူ၏။
မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ရ ကြ လိမ့် မည်။
ကြောက် ရွံ့၍ ပျပ် ဝပ် သော ထို မိန်း မ တို့ အား သူ ရှင် ကို သူ သေ တို့ ဘောင် တွင် အ ဘယ့် ကြောင့် ရှာ ကြ သ နည်း။
ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။
တ မန် တော် တို့ ရှု မြင် ကြ စဉ် ချီ ဆောင် ခြင်း ကို ခံ တော် မူ ရာ မိုး တိမ် သည် မျက် ကွယ် အောင် ခံ ယူ လေ ၏။
ကိုယ် တော် သည် လူ မျိုး တော် ရှေ့ ကိုယ် တော့် အ ကြောင်း ယ ခု သက် သေ ခံ သော ဂါ လိ လဲ နယ် မှ ယေ ရု ရှ လင် မြို့ သို့ လိုက် ပါ ခဲ့ သူ တို့ အား နေ့ ရက် များ စွာ ထင် ရှား တော် မူ၏။
အံ့ သြ မိန်း မော တွေ ဝေ လျက် ကြည့် ပါ။ ဟော ပြော သူ တို့ ကား ဂါ လိ လဲ နယ် သား များ မ ဟုတ် လော။
လူ ပ ရိ သတ် အား ပေ တ ရု က အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ဤ အ ရာ ကို အ ဘယ့် ကြောင့် အံ့ သြ ကြ သ နည်း။ ကိုယ့် တန် ခိုး ကိုယ့် သီ လ ဖြင့် ဤ သူ့ ကို လှမ်း သွား စေ သည် မှတ်၍ အ ဘယ် ကြောင့် ငါ တို့ ကို စိုက် ကြည့် လျက် နေ ကြ သ နည်း။
သန့် ရှင်း သူ ရှေး ပ ရော ဖက် တို့ နှုတ် ဖြင့် ဘု ရား သ ခင် ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရာ အ ချိန် ကာ လ မ တိုင် မီ ကောင်း ကင် ဘုံ သည် ထို အ ရှင့် စံ ရာ ဖြစ် ရ မည်။
စေ တ မန် တော် မင်း ဟစ် သံ၊ ဘု ရား သ ခင့် တံ ပိုး တော် မှုတ် သံ တည်း ဟူ သော ကြွေး ကြော် သံ နှင့် အ ရှင် ဘု ရား ကိုယ် တော် တိုင် ကောင်း ကင် ဘုံ မှ ဆင်း သက် တော် မူ သည့် ကာ လ၊ ခ ရစ် တော်၌ သေ လွန် သူ တို့ သည် ဦး စွာ ရှင် ပြန် ထ မြောက် ကြ လိမ့် မည်။
ခ ရစ် တော် လည်း အ များ တို့၏ အ ပြစ် ကို ခံ ခြင်း ငှာ တစ် ကြိမ် တည်း ဆက် ကပ် ခံ တော် မူ ပြီး နောက် ကိုယ် တော် ကို စောင့် မျှော် သူ တို့ အား ကယ် တင် ခြင်း ငှာ ပြစ် ဒဏ် မ ခံ ဘဲ ဒု တိ ယ အ ကြိမ် ပေါ် ထွန်း တော် မူ ဦး မည်။
ကိုယ် တော် သည် မိုး တိမ် နှင့် တ ကွ ကြွ လာ တော် မူ ရာ ထိုး ဖောက် ခဲ့ သူ တို့ မှ စ၍ လူ ဟူ သ မျှ ရှု မြင် ရ သည့် အ လျောက် ကိုယ် တော် ကြောင့် မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ မြည် တမ်း ကြ လိမ့် မည်။ ဟုတ် မှန် ပေ၏။ အာ မင်။