ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
၄ ရာ 2:3 - Common Language Bible ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ကိုယ်တော်၏သခင် ကိုကိုယ်တော့်ထံမှ ယနေ့ထာဝရဘုရားရုပ် သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟုမေး ကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော'' ဟုပြန်၍ဖြေကြား၏။ Garrad Bible ထို မြို့ ၌ ရှိ သော ပ ရော ဖက် ဂိုဏ်း သား တို့ သည် ဧ လိ ရှဲ ထံ ထွက် လာ လျက် ကိုယ် တော့် အ ရှင် ကို ကိုယ် တော့် ဦး ထိပ် ထက် မှ ယ နေ့ ထာ ဝ ရ ဘု ရား ရုပ် သိမ်း တော် မူ မည် ကို သိ ပါ ၏ လော ဟု မေး ကြ သော်၊ ငါ သိ လှ၏။ ဆိတ် ဆိတ် နေ ကြ လော့ ဟု ပြန် ဆို လေ ၏။ Judson Bible ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၍၊ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာနေကြပါဟု ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ဗေသလမြို့ရှိ ပရောဖက်အဖွဲ့သားတို့က ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။ |
ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
ပရောဖက်တစ်ပါးသည် ထာဝရဘုရား၏အမိန့် တော်အရအခြားပရောဖက်တစ်ပါးအား``ငါ့ ကိုရိုက်လော့'' ဟုဆို၏။ သို့သော်လည်းပရောဖက် ကငြင်းဆန်သဖြင့်၊-
ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ထာဝရဘုရားသည် ကိုယ်တော်၏သခင်ကိုကိုယ်တော်ထံမှ ယနေ့ ရုပ်သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟု မေးကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော့'' ဟုပြန်၍ဖြေကြား၏။
ပရောဖက်ငါးကျိပ်တို့သည်ယော်ဒန်မြစ်အထိ လိုက်သွားကြ၏။ ဧလိယနှင့်ဧလိရှဲတို့သည် မြစ်အနီးတွင်ရပ်တန့်ကြသောအခါ ပရော ဖက်ငါးကျိပ်တို့သည်မလှမ်းမကမ်းတွင်ရပ် လျက်နေကြ၏။-
ပရောဖက်တစ်ဦး၏မုဆိုးမတစ်ယောက်သည် ဧလိရှဲထံလာ၍``အရှင်၊ ကျွန်မ၏ခင်ပွန်း သေဆုံးပါပြီ။ အရှင်သိသည့်အတိုင်းသူသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူဖြစ် ပါ၏။ သို့ရာတွင်သူ၏ကြွေးရှင်သည်ကျွန်မ ၏သားနှစ်ယောက်အား ဖခင်၏အကြွေးအတွက် ကျွန်ခံစေရန်လာ၍ခေါ်နေပါသည်'' ဟုပြော၏။
အခါတစ်ပါး၌နိုင်ငံတစ်ဝှမ်းလုံးတွင် အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေချိန် ၌ ဧလိရှဲသည်ဂိလဂါလမြို့သို့ပြန်လေသည်။ သူသည်ပရောဖက်တစ်စုကိုသွန်သင်လျက်နေ စဉ် ထိုသူတို့အတွက်အိုးကြီးတစ်လုံးဖြင့် ဟင်းချက်ရန် မိမိ၏အစေခံအားပြော ကြား၏။-
ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။
ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
ဤအတောအတွင်း၌ပရောဖက်ဧလိရှဲ သည် လူငယ်ပရောဖက်တစ်ပါးကိုခေါ်၍``သင် သည်ရာမုတ်မြို့သို့သွားရန်အသင့်ပြင်လော့။ ဤသံလွင်ဆီဘူးကိုလည်းယူသွားလော့။ ထို မြို့သို့ရောက်သောအခါ၊-
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ထိုအခါအာမုတ်က``ငါသည်အခကြေး ငွေယူ၍ပရောဖက်ပြုသောပရောဖက် တစ်ယောက်မဟုတ်။ ငါသည်သိုးထိန်းဖြစ် ၍သင်္ဘောသဖန်းပင်များကိုပြုစုနေသူ တစ်ဦးဖြစ်၏။-
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။ မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကို ဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။
ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။-