ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။
၃ ယော 1:1 - Common Language Bible အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။ Garrad Bible ဥ က္က ဋ္ဌ ဖြစ် သူ ငါ က သ စ္စာ နှင့် ငါ ချစ် ခင် မြတ် နိုး သော ဂါ ယု ထံ ရေး လိုက် သည် မှာ၊ Judson Bible အသက်ကြီးသူသည် ချစ်အပ်သောဂါယုကို ကြားလိုက်ပါ၏။ ငါသည် သင်၌ မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။ |
ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။
တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
ကရိပ္ပုနှင့်ဂါယုမှလွဲ၍သင်တို့အထဲမှမည်သူ့ ကိုမျှငါသည်ဗတ္တိဇံမပေးခဲ့ပါ။ ယင်းသို့မပေး မိသည့်အတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပါ၏။-
ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-
သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
ချစ်ဆွေ၊ သင်သည်အစစအရာရာတွင် ကြီးပွားတိုးတက်၍ကျန်းမာရွှင်လန်းစေ ရန်ငါဆုတောင်း၏။ သင်၏ဝိညာဉ်ပါရမီ တိုးတက်လျက်ရှိကြောင်းငါသိ၏။-