နန်းသက်အစမှအဆုံးတိုင်အောင်အာမဇိ ဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ အလုံးစုံကိုယုဒရာဇဝင်နှင့်ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
၂ ရာချုပ် 36:8 - Common Language Bible ယောယကိမ်၏စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူများနှင့်ကူးလွန်သည့်ဒုစရိုက် များအပါအဝင်သူဆောင်ရွက်ခဲ့သည့် အခြား အမှုအရာအလုံးစုံကိုယုဒရာဇဝင်တွင် မှတ်တမ်းတင်ထားသတည်း။ သူ၏သားတော် ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။ Garrad Bible ယော ယ ကိမ် မင်း ပြု မူ သော အ ကြွင်း အ ကျန် နှင့်၊ ရွံ ရှာ ဖွယ် အ ကျင့်၊ ထင် ရှား သော ဒု စ ရိုက် ပါ၊ ဣ သ ရေ လ၊ ယု ဒ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ၏။ သား တော် ယေ ခေါ နိ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ယောယကိမ်ပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် ပြုမိသောရွံရှာဖွယ်အမှု၊ ထင်ရှားသောစိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသောယောယကိမ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများ၊ သူ၏ဆိုးယုတ်မှုများကို အစ္စရေးနှင့် ယုဒဘုရင်တို့၏ရာဇဝင်ကျမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
နန်းသက်အစမှအဆုံးတိုင်အောင်အာမဇိ ဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ အလုံးစုံကိုယုဒရာဇဝင်နှင့်ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''