ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။
၂ ရာချုပ် 30:11 - Common Language Bible သို့သော်အာရှာ၊ မနာရှေနှင့်ဇာဗုလုန်အနွယ် ဝင်တို့အနက် အချို့သောသူတို့မူကား ယေရုရှလင်မြို့သို့လာရောက်ကြ၏။- Garrad Bible အာ ရှာ၊ မ နာ ရှေ၊ ဇာ ဗု လုန် အ နွယ် သား တို့ အ နက်၊ စိတ် နှိမ့် ချ သူ အ ချို့ တို့ သည် ယေ ရု ရှ လင် မြို့ သို့ လာ ရောက် ကြ သည့် ပြင်၊ Judson Bible သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သားအချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။ |
ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားအမှန်အကန်ဝတ်ပြု ကိုးကွယ်လိုသူ ဣသရေလအနွယ်ဝင်အပေါင်း တို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုပူဇော်နိုင် ရန် လေဝိအနွယ်ဝင်တို့နှင့်အတူယေရုရှ လင်မြို့သို့လိုက်သွားကြ၏။-
မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။
ဧဖရိမ်၊ မနာရှေ၊ ဣသခါနှင့်ဇာဗုလုန်နွယ် ဝင်အမြောက်အမြားမှာလည်းဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုမပြုဘဲပသခါ ပွဲတော်သို့ဝင်ရောက်ဆင်နွှဲကြသူများဖြစ် ပေသည်။ ထိုသူတို့အတွက်ဟေဇကိမင်းက၊-
ယေရုရှလင်မြို့တွင်စုဝေးလျက်နေသော လူတို့သည် အလွန်ဝမ်းမြောက်ရွှင်လန်းစွာ ခုနစ်ရက်တိုင်တိုင်တဆေးမဲ့မုန့်ပွဲတော် ကိုကျင်းပကြကုန်၏။ လေဝိအနွယ်ဝင် များနှင့်ယဇ်ပုရောဟိတ်တို့သည်တစ်နေ့ပြီး တစ်နေ့ ထာဝရဘုရား၏ဂုဏ်တော်ကိုအစွမ်း ကုန်ချီးမွမ်းကြလေသည်။-
သို့ဖြစ်၍ယုဒပြည်သူများ၊ ယဇ်ပုရောဟိတ် များ၊ လေဝိအနွယ်ဝင်များ၊ မြောက်အရပ်မှလာ ရောက်ကြသူများ၊ ဣသရေလပြည်နှင့်ယုဒ ပြည်တွင်အတည်တကျနေထိုင်ကြသူ လူမျိုး ခြားများသည်အားရဝမ်းမြောက်ကြလေသည်။-
မင်းကြီးသည်ဆင်းရဲဒုက္ခရောက်သောအခါ မာန်မာနကျိုး၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ပြန်လာပြီးလျှင်ကူမ တော်မူရန်အသနားခံတော်မူ၏။-
မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
သို့ရာတွင်သူသည်ခမည်းတော်ကဲ့သို့စိတ်နှလုံး နှိမ့်ချ၍ထာဝရဘုရားထံတော်သို့မချဉ်း ကပ်။ ခမည်းတော်ထက်ပင်ပို၍အပြစ်ကူး လွန်တော်မူ၏။
ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
သူ၏သားတော်ဖြစ်သူအရှင်သည်လည်း ထိုအမှုအရာအလုံးစုံတို့ကိုသိရှိပါ သော်လည်းမိမိကိုယ်ကိုနှိမ့်ချတော်မ မူဘဲ၊-
ငါသည်အမျက်ထွက်၍သူတို့ကိုပြည်နှင်ဒဏ် ပေးခဲ့၏။ နောက်ဆုံး၌သင်တို့၏အဆက်အနွယ် များသည်မာန်စွယ်ကျိုး၍ မိမိတို့၏အပြစ် နှင့်ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုခံရ ပြီးသောအခါ၊-
မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
အချို့သောသူတို့သည်ပေါလုနှင့်ပေါင်းဖော် ပြီးလျှင် ယုံကြည်သူများဖြစ်လာကြ၏။ ထို သူတို့တွင်ဒယောနုသိနာမည်ရှိသောအာရေ တောင်တရားရုံးတော်အဖွဲ့ဝင်တစ်ဦး၊ ဒမာရိ နာမည်ရှိသောအမျိုးသမီးတစ်ဦးနှင့်အခြား သူအချို့တို့ပါဝင်ကြ၏။
သင်တို့သည်မိမိတို့ကိုယ်ကိုထာဝရဘုရား ၏ရှေ့တော်၌နှိမ့်ချကြလော့။ သို့ပြုလျှင်ကိုယ် တော်သည်သင်တို့အားချီးမြှောက်တော်မူလိမ့် မည်။
သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။-