ဖိလိတ္တိပြည်သားတို့ကိုလည်းတိုက်ခိုက်နှိမ်နင်း လေ၏။ ဂါဇမြို့နှင့်ပတ်ဝန်းကျင်နယ်မြေအပါ အဝင်သူတို့နေထိုင်ရာ အငယ်ဆုံးကျေးရွာ မှအကြီးဆုံးမြို့သို့တိုင်အောင်သွားရောက် တိုက်ခိုက်လုယက်လေသည်။
၂ ရာချုပ် 28:18 - Common Language Bible ထိုအချိန်ကာလ၌ပင်ဖိလိတ္တိအမျိုးသား တို့သည် ယုဒပြည်တောင်ပိုင်းနှင့်အနောက် ဘက်ရှိတောင်ခြေရင်းမြို့များကိုတိုက်ခိုက် ကြ၏။ သူတို့သည်ဗက်ရှေမက်မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့၊ တိမနာမြို့၊ ဂိမဇောမြို့များနှင့်ကျေးရွာများကိုသိမ်း ယူပြီးလျှင် ထိုမြို့ရွာတို့တွင်အတည်တကျ နေထိုင်ကြလေသည်။- Judson Bible ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ရှိသော မြို့တို့ကိုတိုက်၍၊ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍ နေရာချကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။ |
ဖိလိတ္တိပြည်သားတို့ကိုလည်းတိုက်ခိုက်နှိမ်နင်း လေ၏။ ဂါဇမြို့နှင့်ပတ်ဝန်းကျင်နယ်မြေအပါ အဝင်သူတို့နေထိုင်ရာ အငယ်ဆုံးကျေးရွာ မှအကြီးဆုံးမြို့သို့တိုင်အောင်သွားရောက် တိုက်ခိုက်လုယက်လေသည်။
အရှေ့ဘက်ရှိအာရှုရိပြည်နှင့်အနောက် ဘက်ရှိဖိလိတ္တိပြည်တို့သည် ဣသရေလ ပြည်ကိုဖျက်ဆီးချေမှုန်းရန်အသင့်ပြင် ဆင်ကြကုန်၏။ သို့နှင့်လည်းထာဝရဘုရား ၏အမျက်တော်သည်မပြေ။ သူတို့အားဆုံး မရန်ကိုယ်တော်သည်လက်တော်ကိုဆန့်လျက် ပင်ရှိထားတော်မူသေး၏။
``ယခုငါသည်သင့်အားဒဏ်ပေးရန်နှင့် သင် ၏နယ်မြေကိုရုပ်သိမ်းရန်လက်ရုံးတော်ကို ဆန့်ပြီ။ ငါသည်သင့်ကိုလောဘကြီး၍ သင် ၏အကျင့်ဆိုးများကိုစက်ဆုပ်သူဖိလိတ္တိ သမီးပျိုတို့၏လက်သို့သင့်အားပေးအပ် လိုက်လေပြီ။
အရှင်ထာဝရဘုရားက``ဖိလိတ္တိပြည်သား များသည် မိမိတို့၏ရာသက်ပန်ရန်သူယုဒ အားရက်စက်စွာလက်စားချေကာ မုန်းတီး စိတ်ဖြင့်ဖျက်ဆီးသုတ်သင်ပစ်ကြ၏။-
ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့နှင့်မက္ကဒါ မြို့စသောမြို့ကြီးများတစ်ဆယ်ခြောက်မြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများလည်း ပါဝင်လေသည်။
တစ်နေ့သ၌ရှံဆုန်သည်တိမနမြို့သို့ရောက် ရှိသွားရာ ထိုမြို့တွင်ဖိလိတ္တိအမျိုးသမီး ကလေးတစ်ဦးကိုတွေ့မြင်လေသည်။-
ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။-
လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''