ဧဒုံအမျိုးသားတို့သည်ယုဒပြည်ကိုတစ်ဖန် လာရောက်တိုက်ခိုက်ကာ သုံ့ပန်းအမြောက်အမြား ကိုဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အာခတ်မင်း သည်အာရှုရိဘုရင်ထံအကူအညီတောင်း ခံလေသည်။-
ထို ကာ လ၊ ယု ဒ အ မျိုး ကို ပေါက် လွတ် ထား လျက်၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ဖောက် ကျော် သော အာ ခတ် မင်း အ တွက်၊ ယု ဒ လူ မျိုး အား ထာ ဝ ရ ဘု ရား နှိမ့် ချ တော် မူ သည် နှင့် အ ညီ၊ ဧ ဒုံ တပ် တို့ သည်၊ ယု ဒ ပြည် သို့ ချီ တက် တိုက် ခိုက်၍၊ လူ အ များ သုံ့ ဘမ်း သိမ်း သွား သော ကြောင့် လည်း ကောင်း၊ ဖိ လိ တ္တိ တပ် တို့ သည်၊ ယု ဒ ပြည်၊ ရှ ဖေ လာ ခ ရိုင်၊ နေ ဂပ် ခ ရိုင် ရှိ မြို့ ရွာ များ တွင် အ နု ကြမ်း စီး လျက် ဗက် ရှေ မက်၊ အာ ယ လုန်၊ ဂ ဒေ ရုတ် မြို့ များ မှ စ၍၊ စော ခေါ၊ တိ မ နတ်၊ ဂိ မ ဇော မြို့ များ နှင့်၊ ဆိုင် ရာ နိ ဂုံး များ ပါ၊ သိမ်း ယူ နေ ထိုင် ကြ သော ကြောင့် လည်း ကောင်း၊ အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် ထံ ရာ ဇ သံ စေ လွှတ်၍ စစ် ကူ တောင်း သည့် အ တိုင်း၊
ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ကူမစေခြင်းငှာ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။
ထိုအချိန်တွင် အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်ထံ လူလွှတ်၍စစ်ကူတောင်း၏။
အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
``အလိုမပြည့်နိုင်သဖြင့်သင်သည်အာရှုရိ အမျိုးသားတို့နှင့်မှားယွင်းပြန်၏။ သို့ရာ တွင်သင်၏အလိုမပြည့်နိုင်သေး။-
``ဣသရေလနိုင်ငံသည်မိမိ၏အနာ ရောဂါကိုလည်းကောင်း၊ ယုဒနိုင်ငံသည် မိမိ၏ဒဏ်ရာဒဏ်ချက်များကိုလည်း ကောင်းမြင်ရသောအခါ ဣသရေလနိုင်ငံ သည်အာရှုရိနိုင်ငံဧကရာဇ်မင်းထံသွား ၍အကူအညီတောင်း၏။ သို့ရာတွင် ဧကရာဇ်မင်းသည်သူတို့၏ရောဂါ ကို မကုသမပျောက်ကင်းစေနိုင်။-