သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
၂ ရာချုပ် 21:13 - Common Language Bible အာဟပ်နှင့်သူ၏အရိုက်အရာကိုဆက်ခံကြ သူများသည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ကိုသစ္စာဖောက်ရန် ရှေ့ဆောင်လမ်း ပြခဲ့ကြသည့်နည်းတူသင်သည်ယုဒပြည်သူ များနှင့်ယေရုရှလင်မြို့သားများကိုသစ္စာ ဖောက်ရန်ရှေ့ဆောင်လမ်းပြခဲ့ပေသည်။ သင် သည်မိမိထက်ကောင်းမြတ်သောညီများ အားလည်းသတ်ခဲ့၏။- Garrad Bible ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း ကို၊ အာ ဟပ် မင်း မျိုး ကဲ့ သို့ လိုက် လျက်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ပါ၊ မှား ယွင်း စေ သည့် အ ပြင်၊ သင့် ထက် ကောင်း မြတ် သော သား ချင်း တို့ ကို ကွပ် မျက် သည့် အ တွက်၊ Judson Bible ဣသရေလရှင်ဘုရင်တို့ လမ်းသို့ လိုက်သောကြောင့်လည်းကောင်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တစ်ပါးအမျိုးသားတို့၏ဘုရားနှင့် မှားယွင်းရမည် အကြောင်း ပြုသောကြောင့်လည်းကောင်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ်သောကြောင့်လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်းလိုက်လျှောက်ပြီး အာဟပ်မင်းမျိုးမင်းနွယ်တို့ ဖောက်ပြန်မှားယွင်းသကဲ့သို့ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို ဖောက်ပြန်မှားယွင်းစေ၏။ သင့်ခမည်းတော်၏အိမ်သားများဖြစ်သော သင့်ထက်ကောင်းသောသင့်ညီအစ်ကိုများကိုပင် သင်သတ်ပစ်ခဲ့၏။ |
သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
သူသည်ယုဒကုန်းမြင့်ဒေသများ၌ရုပ်တု ကိုးကွယ်ဝတ်ပြုရာဌာနများကိုပင်တည် ဆောက်၍ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သားများအားထာဝရဘုရားကိုပြစ် မှားစေရန်ရှေ့ဆောင်လမ်းပြပေး၏။
သို့ဖြစ်၍ထာဝရဘုရားသည်သင်၏ပြည်သူ များ၊ သားသမီးများနှင့်မိဖုရားများကို ပြင်းထန်စွာဒဏ်စီရင်၍ သင်ပိုင်ဆိုင်သမျှ ကိုလည်းပျက်စီးစေတော်မူလိမ့်မည်။-
နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။
သူသည်အာဟပ်၏သမီးတော်တစ်ပါးနှင့် စုံဖက်မိသဖြင့် အာဟပ်မင်းနှင့်အခြား ဣသရေလဘုရင်တို့၏ဆိုးညစ်ယုတ်မာ သောလမ်းစဉ်ကိုလိုက်၍ထာဝရဘုရားကို ပြစ်မှားလေသည်။-
ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။-
သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-
ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။
သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်% ရာဇဝတ်မှုအပေါ်တွင် အုတ်မြစ်ချ၍လူ% သတ်မှုဖြင့်မြို့ကိုတည်ထောင်ခဲ့ကြ၏။-%
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။