သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောတန်ဆာတို့ကို မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ၊ တန် ဆာများနှင့်အတူဗိမာန်တော်တွင်ထားရှိ တော်မူ၏။-
ခ မည်း တော် သီး သန့် ထား ခဲ့ သော ဘ ဏ္ဍာ များ နှင့်၊ ကိုယ် တိုင် သီး သန့် ထား သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ပါ၊ ဗိ မာန် တော် သို့ သွင်း ထား သ တည်း။
ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထားတော်မူ၏။
သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာ၏။
ဗိမာန်တော်အတွက်လုပ်ကိုင်ရန် ရှိသမျှသော အလုပ်တို့ကိုလက်စသတ်ပြီးနောက် ရှောလမုန် မင်းသည်ထာဝရဘုရားအားခမည်းတော် ဒါဝိဒ်ဆက်ကပ်ပူဇော်ထားခဲ့သည့် ရွှေ၊ ငွေ၊ နှင့် အခြားပစ္စည်းများကိုဗိမာန်တော်ပစ္စည်းသို လှောင်ရာအခန်းများတွင်သိမ်းဆည်းထား တော်မူ၏။
ရုပ်တုကိုးကွယ်ရာဌာနရှိသမျှကိုမဖျက် ဆီးသော်လည်း အာသသည်တစ်သက်လုံး ထာဝရဘုရားကိုသစ္စာစောင့်တော်မူလေ သည်။-
သူ၏နန်းစံသုံးဆယ့်ငါးနှစ်အထိနောက် တစ်ဖန်စစ်မက်မဖြစ်ပွားတော့ချေ။