၂ ရာချုပ် 12:15 - Common Language Bible ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။- Garrad Bible ရော ဗောင် မင်း အ စ အ ဆုံး ပြု မူ သ မျှ သည် ပ ရော ဖက် ရှေ မာ ယ နှင့် အ မြော် အ မြင် ဆ ရာ ဣ ဒ္ဒေါ တို့ အ တ္ထု ပ္ပ တ္တိ တွင် စာ ရင်း ပါ ဝင် လျက် ရှိ၏။ ရော ဗောင် မင်း နှင့် ယေ ရော ဗောင် မင်း တို့ သည် အ စဉ် စစ် ဖြစ် ကြ ၏။ Judson Bible ရောဗောင်ပြုမူသော အမှုအရာ အစအဆုံးတို့သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက်ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။ |
ဒါဝိဒ်မင်း၏ရာဇဝင်ကိုအစမှအဆုံးတိုင် အောင်ရှမွေလ၊ နာသန်နှင့်ဂဒ်ဟူသောပရော ဖက်သုံးပါးတို့၏မှတ်တမ်းများတွင်ရေးမှတ် ၍ထား၏။-
သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍၊-
ယေရုရှလင်မြို့တွင်သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာဂိဗာမြို့သားဥရိယ၏ သမီးမာခါဖြစ်၏။
အဘိယပြောဆိုခဲ့သောစကားများ၊ သူ ဆောင်ရွက်ခဲ့သည့်အမှုအရာများနှင့်ကျန် ရှိနေသေးသောသူ၏အတ္ထုပ္ပတ္တိအကြောင်း အရာများကို ပရောဖက်ဣဒေါစီရင်သော စာတွင်မှတ်တမ်းတင်ထားသတည်း။
အာသ၏လက်ထက်၌ဖြစ်ပျက်သမျှသော အမှုအရာများကို ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်တွင်မှတ်တမ်းတင်ထားသတည်း။-
ယောရှဖတ်၏နန်းသက်အစမှအဆုံးတိုင် အောင်သူဆောင်ရွက်ခဲ့သည့်အမှုအရာ အလုံးစုံကို ဣသရေလရာဇဝင်၏တစ်စိတ် တစ်ဒေသဖြစ်သောဟာနန်၏သားယေဟု အတ္ထုပ္ပတ္တိတွင်ရေးထားသတည်း။
နန်းသက်အစမှအဆုံးအာခတ်ပြုသော အခြားအမှုအရာတို့ကို ယုဒရာဇဝင် နှင့်ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-
သူ၏အတ္ထုပ္ပတ္တိအစအဆုံးနှင့်သူဆောင် ရွက်ခဲ့သည့်အမှုအရာအလုံးစုံတို့ကို လည်းကောင်းဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
ကြွင်းကျန်သောရှောလမုန်၏အကြောင်းကို အစမှအဆုံးတိုင်အောင်ပရောဖက်နာသန် ၏ကျမ်း၊ ရှိလောမြို့သားအဟိယ၏ပရောဖက် ကျမ်း၊ ဣသရေလဘုရင်ယေရောဗောင်၏နန်း ဆက်အကြောင်းကိုလည်းဖော်ပြပါရှိသည့် ပရောဖက်ဣဒ္ဒေါ၏ဗျာဒိတ်ရူပါရုံကျမ်းများ တွင်မှတ်တမ်းတင်ထားသတည်း။-