သူ၏အိမ်ထောင်စုသားတို့သည်ချမ်းသာ ကြွယ်ဝလိမ့်မည်။ သူသည်အစဉ်အမြဲကောင်းစားလိမ့်မည်။
၂ ကော 9:9 - Common Language Bible ကျမ်းစာတော်တွင်၊ ``သူသည်ဆင်းရဲသူတို့အားရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏သနားကြင်နာမှုသည်ထာဝစဉ်တည်၏'' ဟူ၍ဖော်ပြပါရှိပေသည်။- Judson Bible သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “သူသည်စွန့်ကြဲ၍ ဆင်းရဲသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ “သူသည် ဆင်းရဲသောသူတို့အား ရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏ ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်မြဲလိမ့်မည်” ဟု ရေးသားထား၏။ |
သူ၏အိမ်ထောင်စုသားတို့သည်ချမ်းသာ ကြွယ်ဝလိမ့်မည်။ သူသည်အစဉ်အမြဲကောင်းစားလိမ့်မည်။
သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။
ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ယခုတွင်ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည် လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။
မျိုးကြဲသူအားမျိုးစေ့နှင့်အစာရေစာကို ပေးတော်မူသောဘုရားသခင်သည် ငါတို့လို သမျှသောမျိုးစေ့ကိုလည်းပေး၍အပင် ပေါက်ရှင်သန်စေတော်မူလိမ့်မည်။ သင်တို့၏ ရက်ရောသောစိတ်စေတနာမှအသီးအပွင့် များကိုလည်းဖြစ်ထွန်းစေတော်မူလိမ့်မည်။-