``ရွှေနှစ်ပိဿာရသူသည်လည်းလာ၍`အရှင်၊ အကျွန်ုပ် အား အရှင်ရွှေနှစ်ပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ်သည် ရွှေနှစ်ပိဿာအမြတ်ရပါပြီ' ဟု လျှောက်ထား၏။-
၂ ကော 8:1 - Common Language Bible ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်း တော်တို့အား ဘုရားသခင်ပေးသနားတော် မူသောကျေးဇူးတော်အကြောင်းကိုသင်တို့ အားငါပြောပြလို၏။- Garrad Bible ၎င်း ပြင် ညီ အစ် ကို တို့၊ မာ ကေ ဒေါ နိ ပြည် ရှိ အ သင်း တော် တို့ ခံ စား ရ ကြ သော ဘု ရား သ ခင့် ကျေး ဇူး တော့် အ ကြောင်း ကို သင် တို့ အား သိ စေ လို သည် မှာ၊ Judson Bible ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်းတော်များအား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အကြောင်းကို သင်တို့အား ငါတို့ပြောပြလိုပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… မာကေဒေါနိပြည်ရှိ အသင်းတော်များအား ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ကျွန်ုပ်တို့သည် သင်တို့အား သိစေလို၏။ |
``ရွှေနှစ်ပိဿာရသူသည်လည်းလာ၍`အရှင်၊ အကျွန်ုပ် အား အရှင်ရွှေနှစ်ပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ်သည် ရွှေနှစ်ပိဿာအမြတ်ရပါပြီ' ဟု လျှောက်ထား၏။-
သူသည်ထိုမြို့သို့ရောက်၍လူတို့အား ဘုရား သခင်အဘယ်သို့ကောင်းချီးပေးတော်မူသည် ကိုမြင်သောအခါ ရွှင်လန်းဝမ်းမြောက်သဖြင့် သခင်ဘုရားအားစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား၍ သစ္စာစောင့်ကြရန်တိုက် တွန်းနှိုးဆော်လေသည်။-
ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။-
``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။-
သင်တို့သည်ဤကောင်းမှုအားဖြင့်ဘုရား သခင်၏လူစုတော်အားချို့တဲ့နေစဉ်ကူညီ မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသံကိုလည်းတခဲနက်ထွက် ပေါ်လာစေ၏။-
သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။-
အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။-
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။
အမှန်စင်စစ်သင်တို့သည်မာကေဒေါနိပြည် တစ်ပြည်လုံးရှိခရစ်ယာန်ညီအစ်ကိုတို့အား ချစ်ခဲ့ကြလေပြီ။ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်ထိုထက်မကပိုမိုချစ်ကြရန် ငါတို့တိုက်တွန်း၏။-