ထာဝရအရှင်ဘုရားသခင်သည်အာဒံ နှင့်ဧဝတို့အတွက် သားရေဝတ်လုံများပြု လုပ်၍သူတို့အားဝတ်ဆင်ပေးတော်မူ၏။
၂ ကော 3:7 - Common Language Bible ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊- Garrad Bible ကွယ် ပျောက် ဆဲ ဘုန်း နှင့် ပြည့် စုံ သော မော ရှေ၏ မျက် နှာ ကို ဣ သ ရေ လ အ မျိုး သား တို့ မ ရှု ကြည့် နိုင် အောင် ကျောက် ထက် အ က္ခ ရာ တင် သော သေ ခြင်း ဆိုင် ရာ ဝတ် နည်း သည် ဘုန်း နှင့် တ ကွ ဖြစ် ပေါ် လျှင်၊ Judson Bible ထိုမှတစ်ပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သော ရောင်ခြည်ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျောက်ပြားပေါ်တွင် ရေးထွင်းထားသည့် သေခြင်းနှင့်ဆိုင်သောတရားကို ပေးအပ်တော်မူစဉ် ဘုရားသခင်၏ ဘုန်းရောင်ခြည်ထွန်းတောက်တော်မူ၏။ ထိုဘုန်းရောင်ခြည်သည် မောရှေ၏ မျက်နှာ၌ ထင်ဟပ်၍ ထိုထင်ဟပ်ခြင်းမှာ တဖြည်းဖြည်းမှေးမှိန်လာသော်လည်း အစ္စရေးလူမျိုးတို့သည် မောရှေ၏ မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြပေ။ သေခြင်းနှင့်ဆိုင်သော တရားသည် ဤကဲ့သို့သော ဘုန်းအသရေနှင့် ပြည့်စုံလျှင် |
ထာဝရအရှင်ဘုရားသခင်သည်အာဒံ နှင့်ဧဝတို့အတွက် သားရေဝတ်လုံများပြု လုပ်၍သူတို့အားဝတ်ဆင်ပေးတော်မူ၏။
ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းသက်တော်မူ၍ သိနာတောင်တွင်ကိုယ်တော်၏လူမျိုးတော်အား မိန့်မြွက်တော်မူပါ၏။ သူတို့အားမွန်မြတ်သည့်ပညတ်တော်များနှင့် မှန်ကန်သောသြဝါဒများကိုပေးတော်မူ ပါ၏။
အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်တော်မူခြင်းကေးဇူးကို တောင့်တပါ၏။ ကိုယ်တော်ရှင်၏တရားတော်သည် ကွန်တော်မျိုးအားပော်ရ"င်စေပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏တရား တော်ကို အလွန်နှစ်သက်မြတ်နိုးပါ၏။ ထိုတရားတော်အကြောင်းကိုကွန်တော်မျိုးသည် တစ်နေ့လုံးအောက်မေ့ဆင်ခြင်လက်နေပါ၏။
ထာဝရဘုရားကမောရှေအား``ငါရှိရာ တောင်ပေါ်သို့တက်လာလော့။ လူတို့ကိုသွန် သင်ရန်အတွက် ငါရေးထားသောပညတ်အား လုံးပါရှိသည့်ကျောက်ပြားနှစ်ပြားကိုသင့် အားငါအပ်ပေးမည်'' ဟုမိန့်တော်မူ၏။-
ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
တရားလွှတ်တော်တွင်ထိုင်လျက်နေကြသော သူအပေါင်းတို့သည် သတေဖန်ကိုအာရုံစိုက် ၍ကြည့်သောအခါ သူ၏မျက်နှာသည်ကောင်း ကင်တမန်၏မျက်နှာနှင့်တူသည်ကိုတွေ့မြင် ရကြ၏။
ခရစ်တော်သည်ပညတ်တရားကိုအဆုံး သတ်စေတော်မူပြီဖြစ်ရာယုံကြည်သူအပေါင်း တို့သည် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် မှုကိုရရှိကြပြီ။
ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။
အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
ထို့နောက်ငါသည်သေရ၏။ ငါ့အားအသက်ရှင် စေရန်ပေးအပ်သည့်ပညတ်တော်ကပင်လျှင် ငါ၏အသက်ကိုသေစေလေသည်။-
ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏ စိတ်နှလုံးကနှစ်သက်ဝမ်းမြောက်စွာလက်ခံ ၏။-
ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။-
သို့ရာတွင်စုံလင်သည့်အရာရောက်ရှိလာသော အခါ၌မူကား မစုံလင်သောအရာဟူသမျှ တို့သည်ကွယ်ပျောက်လိမ့်မည်။
ထိုစာကိုခရစ်တော်ကိုယ်တိုင်ရေး၍ငါတို့ နှင့်ပေးပို့တော်မူသည်မှာထင်ရှား၏။ ထိုစာ ကားမင်ဖြင့်ရေးသောစာမဟုတ်။ အသက်ရှင် တော်မူသောဘုရားသခင်၏ဝိညာဉ်တော် ဖြင့်ရေးသောစာဖြစ်၏။ ထိုစာကိုကျောက် ပြားပေါ်တွင်မရေးဘဲနှလုံးသားပေါ်တွင် ရေးသတည်း။
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
ဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့်ဆိုင်သော ဘုန်းအသရေသည်အဘယ်မျှသာလွန် တောက်ပလိမ့်မည်နည်း။-
ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။-
ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။-
ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
ယနေ့သင်တို့အားငါသွန်သင်သောပညတ် တော်များကဲ့သို့ တရားမျှတသောပညတ် များကိုရသောလူမျိုးကြီးရှိသေး သလော။-
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
``သို့ဖြစ်၍ငါသည်ပဋိညာဉ်ကျောက်ပြား နှစ်ပြားကိုယူဆောင်၍ တောင်ပေါ်မှပြန်ဆင်းခဲ့ သည်။ တောင်မှမီးတောက်မီးလျှံများထွက် လျက်ရှိ၏။-
ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။-
အိမ်တစ်ဆောင်ကိုတည်ဆောက်သူသည် အိမ်ထက် ပို၍ဂုဏ်ပြုချီးမြှင့်ခြင်းကိုခံထိုက်သကဲ့သို့ သခင်ယေရှုသည်လည်း မောရှေထက်ပို၍ချီး မြှင့်ခြင်းကိုခံထိုက်ပေသည်။-
ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-