ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။
၁ သက် 5:8 - Common Language Bible သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။- Garrad Bible ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။ Judson Bible နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဝတ်ဆောင်ကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့သည် နေ့၏သားသမီးများဖြစ်သောကြောင့် တည်ကြည်လျက် သတိရှိကြစို့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ရင်အုပ်ကာချပ်ဝတ်အဖြစ် ဝတ်ဆင်လျက် ကယ်တင်ခံရမည်ဟူသော မျှော်လင့်ခြင်းကို သံခမောက်အဖြစ် ဆောင်းကြစို့။ |
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်စိတ်ဒုက္ခရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအား တစ်ဖန်ထောမနာပြုမည်။
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
ယခုတွင်ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည် လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။
သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
ငါတို့မူကားဘုရားသခင်၏ဝိညာဉ်တော် ၏တန်ခိုးကိုအမှီပြုလျက်ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိလိမ့်မည်ဟုစောင့်စားမျှော်လင့် ကြ၏။-
မာရ်နတ်၏ပရိယာယ်များကိုခုခံကာကွယ်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကိုဝတ်ဆင်ကြလော့။-
အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။-
သင်တို့အားလုံးပင်အလင်းတွင်လည်းကောင်း၊ နေ့ တွင်လည်းကောင်းကျင်လည်သူများဖြစ်ကြ၏။ ငါ တို့သည်ညဥ့်တွင်လည်းကောင်းမှောင်မိုက်တွင်လည်း ကောင်းကျင်လည်သူများမဟုတ်။-
ငါတို့အရှင်သခင်ယေရှုခရစ်ကိုယ်တော်တိုင် သည်လည်းကောင်း၊ ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့်ခိုင်မြဲသည့်မျှော်လင့် ခြင်းနှင့်မြဲမြံသောရဲရင့်ခြင်းကိုပေးသနား တော်မူသောငါတို့အဖဘုရားသခင်သည် လည်းကောင်း၊-
ထိုမျှော်လင့်ချက်သည်ငါတို့ဘဝအတွက် ချထားသည့်လုံခြုံခိုင်ခန့်သောကျောက်ဆူး အဖြစ် ကောင်းကင်ဗိမာန်တော်ကန့်လန့်ကာ ကိုထိုးဖောက်ကာအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေသည်။-
သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။