သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
၁ သက် 2:1 - Common Language Bible ညီအစ်ကိုတို့၊ သင်တို့ထံသို့ငါလာခဲ့ခြင်း သည်အချည်းနှီးမဖြစ်ကြောင်း သင်တို့ကိုယ် တိုင်သိကြ၏။- Garrad Bible ညီ အစ် ကို တို့၊ သင် တို့ အ တွင်း ငါ တို့ ဝင် ရောက် ကြ သည် မှာ လွယ် လင့် တ ကူ မ ဟုတ်။ သင် တို့ သိ ကြ သည့် အ တိုင်း၊ Judson Bible ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ သင်တို့ထံသို့ ငါတို့ရောက်ရှိလာခြင်းသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့ထံ ကျွန်ုပ်တို့ရောက်လာခဲ့ခြင်းသည် အချည်းနှီးမဖြစ်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ |
သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
အကယ်၍ထာဝရဘုရားသည်အိမ်ကို ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။ ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင် ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။
သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကို ဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။
ငါသည်လည်းမိမိလုပ်ဆောင်ခဲ့သည့်အမှုတို့ အကျိုးမရှိပုံကိုလည်းကောင်း၊ မိမိမှာအားအင်သာလျှင်ကုန်ခန်းလျက် အဘယ်အမှုအရာမျှမအောင်မြင်ပုံကို လည်းကောင်း တစ်ကိုယ်တည်းပြောဆိုနေမိ၏။ သို့ရာတွင်ငါသည်မိမိ၏အမှုကိစ္စများ အဆင်ပြေစေရန် ထာဝရဘုရားကိုယုံကြည်ကိုးစားနိုင်ပါစေ။ ကိုယ်တော်သည်ငါပြုသည့်အမှုအတွက် ဆုလာဘ်များကိုပေးသနားတော်မူလိမ့်မည်။
သူတို့ဆောင်ရွက်သည့်အလုပ်သည်အောင်မြင် ၍သူတို့၏သားသမီးများသည်ဘေးအန္တ ရာယ်ရောက်ရကြလိမ့်မည်မဟုတ်။ ငါသည် သူတို့နှင့်သူတို့သားမြေးများအားလာ လတ္တံ့ကာလအစဉ်အဆက်ကောင်းချီးပေး မည်။-
သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည်% အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း% နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့% သမျှသောအဆောက်အဦတို့သည်မီးလောင်% ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ% တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော% အမှုဖြစ်၏။-%
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
ထိုသတင်းကောင်းကားသင်တို့အားငါဟော ပြောသည့်တရားဖြစ်သည်။ သင်တို့သည်ထို သတင်းကောင်းကိုစွဲမြဲစွာယုံကြည်လက်ခံ လျှင်ကယ်တင်ခြင်းကိုခံကြရ၏။ သို့မဟုတ် လျှင်သင်တို့ယုံကြည်ခဲ့သည်မှာအချည်းနှီး ဖြစ်သည်။
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-
ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။-
ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။
ဘုရားသခင်၏ကျေးဇူးတော်ကို အခါမလပ် ငါတို့ချီးမွမ်းကြသည့်အခြားအကြောင်း တစ်ရပ်မှာ ငါတို့သည်သင်တို့အားဟောပြော သောဘုရားသခင်၏တရားတော်ကိုလူ့ တရားမဟုတ်ဘဲ ဘုရားသခင်၏တရား တော်အမှန်ဖြစ်သည်နှင့်အညီသင်တို့ ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည် ယုံကြည်သူသင် တို့၏စိတ်နှလုံးကိုပြုပြင်လျက်ရှိတော် မူသောကြောင့်တည်း။-
ထို့ကြောင့်ငါသည်တိမောသေကိုစေလွှတ်လိုက် ၏။ ငါသည်မစောင့်ဆိုင်းနိုင်တော့သဖြင့် သင်တို့ ၏ယုံကြည်ခြင်းခိုင်မြဲသည်မခိုင်မြဲသည်ကို သိလို၍ သူ့ကိုစေလွှတ်လိုက်၏။ သင်တို့သည် မာရ်နတ်၏စုံစမ်းသွေးဆောင်ရာသို့လိုက်ပါ သဖြင့် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးဖြစ်မည်ကိုငါစိုးရိမ်မိ၏။
ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်မှာကြား လို၏။ သခင်ဘုရား၏တရားတော်သည်သင် တို့ထံမှာကဲ့သို့အရပ်တကာတွင်လျင်မြန် စွာပျံ့နှံ့၍ ဘုန်းအသရေတော်ထွန်းတောက် နိုင်စေရန်ငါတို့အတွက်ဆုတောင်းကြလော့။-