ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။-
၁ ရာချုပ် 5:21 - Common Language Bible သူတို့သည်ရန်သူများဘက်မှကုလားအုတ် ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်းနှင့်မြည်း နှစ်ထောင်ကိုလက်ရဖမ်းမိကြ၏။ သုံ့ပန်း တစ်သိန်းကိုလည်းရရှိကြ၏။- Garrad Bible ကု လား အုပ် ငါး သောင်း၊ သိုး ဆိတ် နှစ် သိန်း ငါး သောင်း၊ မြည်း နှစ် ထောင်၊ လူ တစ် သိန်း တို့ ကို သုံ့ ပန်း ရ ကြ ၏။ Judson Bible ကုလားအုတ်ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတစ်သိန်းတို့ကိုသိမ်းယူကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထိုသူတို့၏ကုလားအုတ် အကောင်ငါးသောင်း၊ သိုးအကောင်နှစ်သိန်းငါးသောင်း၊ မြည်းအကောင်နှစ်ထောင် စသည့်တိရစ္ဆာန်များနှင့် လူအယောက်တစ်သိန်းကို အရှင်ဖမ်းဆီးခေါ်ဆောင်သွားလေ၏။ |
ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။-
ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။
အာသနှင့်ယုဒတပ်မတော်သည်ဆူဒန် အမျိုးသားတို့အားတိုက်ခိုက်ကြသော အခါ ထာဝရဘုရားသည်ဆူဒန်အမျိုး သားတို့ကိုအရေးရှုံးနိမ့်စေတော်မူ၏။-
သူတို့သည်သိုးထိန်းစခန်းအချို့ကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်အမြောက် အမြားကိုသိမ်းယူကြပြီးနောက်ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။
သူတို့၏တဲရှင်များနှင့်သိုးအုပ်များကို လည်းကောင်း၊ တဲကန့်လန့်ကာများနှင့်တဲတွင်း ရှိပစ္စည်းမှန်သမျှကိုလည်းကောင်းသိမ်းယူ ကြလော့။ သူတို့၏ကုလားအုတ်များကိုသိမ်း ယူပြီးလျှင်လူတို့အား`သင်တို့၏ပတ်လည် သို့ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ရောက်ရှိလာလေပြီ' ဟုပြောကြားကြလော့။
သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။-