ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
၁ ရာချုပ် 28:12 - Common Language Bible မင်းကြီးသည်မိမိကြံစည်ထားတော်မူ သည့်အတိုင်း ဗိမာန်တော်တံတိုင်းများနှင့် တံတိုင်းပတ်လည်ရှိအခန်းများ၊ ဗိမာန် တော်ပစ္စည်းတန်ဆာများသိုမှီးရာနှင့် ထာဝရဘုရားအား ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းသိုလှောင်ခန်းတို့၏ပုံစံ များကိုလည်းပေးအပ်တော်မူ၏။- Garrad Bible တံ တိုင်း၊ ပတ် ဝန်း ကျင် ရှိ လှိုင် တန်း၊ ဘု ရား သ ခင့် ဗိ မာန် အ ဆောင် အ ရွက် တော် နှင့် အ လှူ တော် ဘ ဏ္ဍာ တိုက် များ ၏ ပုံ စံ ကို လည်း ကောင်း၊ ဝိ ညာဉ် တော် အား ဖြင့် ရ ရှိ သည့် အ တိုင်း ပေး လျက်၊ Judson Bible ထာဝရဘုရား၏အိမ်တော်တံတိုင်းများ၊ ပတ်လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များတို့၏ပုံကိုလည်းကောင်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတော်ရှောလမုန်အား အပ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဒါဝိဒ်မင်းကြီး၏စိတ်ထဲတွင်ပေါ်လာသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်ဝင်းအပါအဝင် ပတ်လည်အခန်းများအားလုံး၊ ဘုရားသခင်အိမ်တော်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာသိုလှောင်ရုံ စသည်တို့၏ပုံစံများကိုပါ ပေးအပ်လေ၏။ |
ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောဥစ္စာပစ္စည်းများနှင့် မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ အသုံး ဆောင်များကိုဗိမာန်တော်တွင်ထားရှိတော်မူ၏။
ထို့ကြောင့်အာသမင်းသည်ဗိမာန်တော်နှင့်နန်း တော်တွင်ကျန်ရှိနေသေးသော ရွှေ၊ ငွေရှိသမျှကို မှူးမတ်အချို့တို့လက်ဖြင့်ဒမာသက်မြို့ရှိ ရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ယူဆောင်သွားစေ တော်မူ၏။ ဗင်္ဟာဒဒ်ကားရေဇုန်၏မြေး၊ တာဗရိ မုန်၏သားဖြစ်သတည်း။-
ဗိမာန်တော်အတွက်လုပ်ကိုင်ရန် ရှိသမျှသော အလုပ်တို့ကိုလက်စသတ်ပြီးနောက် ရှောလမုန် မင်းသည်ထာဝရဘုရားအားခမည်းတော် ဒါဝိဒ်ဆက်ကပ်ပူဇော်ထားခဲ့သည့် ရွှေ၊ ငွေ၊ နှင့် အခြားပစ္စည်းများကိုဗိမာန်တော်ပစ္စည်းသို လှောင်ရာအခန်းများတွင်သိမ်းဆည်းထား တော်မူ၏။
အာခတ်သည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်ထဲမှရွှေ၊ ငွေတို့ကိုယူ၍ဧကရာဇ် မင်းအားလက်ဆောင်ပဏ္ဏာအဖြစ်ဆက်သ လေသည်။-
ဟေဇကိသည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်၌ ရှိသမျှသောငွေကိုလည်းကောင်း၊-
အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။-
ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။-
ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။-
ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-