သူတို့သည်စစ်ပွဲမှတိုက်ရာပါပစ္စည်းအချို့ ကိုယူ၍ ဗိမာန်တော်တွင်အသုံးပြုရန် ဆက်ကပ်ကြလေသည်။-
၁ ရာချုပ် 26:28 - Common Language Bible ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ပရောဖက်ရှမွေလ၊ ရှောလုမင်း၊ နေရ၏သား အာဗနာနှင့်ဇေရုယာ၏သားယွာဘတို့ယူ ဆောင်လာသော လှူဖွယ်ပစ္စည်းများအပါအဝင် ဗိမာန်တော်တွင် အသုံးပြုရန်ဆက်ကပ်လေ သမျှသောအရာတို့ကိုတာဝန်ယူ၍ထိန်း သိမ်းရကြ၏။ Garrad Bible အ မျှော် အ မြင် ဆ ရာ ရှ မွေ လ၊ ကိ ရှ သား ရှော လု၊ နေ ရ သား အာ ဗ နာ၊ ဇေ ရု ယာ့ သား ယွာ ဘ မှ စ၍ အ ခြား သီး သန့် ထား သ မျှ အ လှူ ဒါ န သည် ရှေ လော မုတ် နှင့် ညီ အစ် ကို တို့ လက် ဝယ် ရှိ သ တည်း။ Judson Bible ပရောဖက်ရှမွေလ၊ ကိရှသား ရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း စိတ်အာရုံရသူရှမွေလ၊ ကိရှ၏သားရှောလု၊ နေရ၏သားအာဗနာ၊ ဇေရုယာ၏သားယွာဘတို့ ဆက်ကပ်ထားသောပစ္စည်းအားလုံးအပါအဝင် လူတို့ဆက်ကပ်ထားသောပစ္စည်းမှန်သမျှတို့ကို ရှေလောမိတ်နှင့် သူ့ညီအစ်ကိုတို့ စောင့်ကြပ်ရ၏။ |
သူတို့သည်စစ်ပွဲမှတိုက်ရာပါပစ္စည်းအချို့ ကိုယူ၍ ဗိမာန်တော်တွင်အသုံးပြုရန် ဆက်ကပ်ကြလေသည်။-
ဣဇဟာ၏သားမြေးများအနက်ခေနနိနှင့် သားများသည် စာရင်းအင်းများထိန်းသိမ်းခြင်း နှင့်ဣသရေလပြည်သားတို့အချင်းဖြစ်ပွား မှုများကို ဖြေရှင်းခြင်းစသောအုပ်ချုပ်ရေး တာဝန်များကိုထမ်းဆောင်ရကြ၏။
မင်းကြီးသည်မိမိကြံစည်ထားတော်မူ သည့်အတိုင်း ဗိမာန်တော်တံတိုင်းများနှင့် တံတိုင်းပတ်လည်ရှိအခန်းများ၊ ဗိမာန် တော်ပစ္စည်းတန်ဆာများသိုမှီးရာနှင့် ထာဝရဘုရားအား ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းသိုလှောင်ခန်းတို့၏ပုံစံ များကိုလည်းပေးအပ်တော်မူ၏။-
ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။ အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။
ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)