ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။-
၁ ရာချုပ် 21:29 - Common Language Bible ထိုအချိန်ကာလ၌တောကန္တာရတွင် မောရှေတည်ဆောက်ခဲ့သောထာဝရဘုရား ၏တဲတော်နှင့် ယဇ်များပူဇော်ရာယဇ်ပလ္လင် သည်ဂိဗောင်မြို့ကိုးကွယ်ရာဌာန၌တည် ရှိလျက်နေသေး၏။- Judson Bible တော၌ မောရှေလုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာ ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က တောကန္တာရတွင် မောရှေဆောက်လုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့်မီးရှို့ရာယဇ်ပလ္လင်တို့သည် ဂိဗောင်မြို့ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ရှိနေ၏။ |
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။-
ဤအချင်းအရာကိုဒါဝိဒ်မင်းမြင်သော် မိမိ၏ဆုတောင်းပတ္ထနာကို ထာဝရဘုရား နားညောင်းတော်မူပြီဖြစ်ကြောင်းသိလေ၏။ သို့ဖြစ်၍သူသည်အရောန၏ကောက်နယ် တလင်းရှိယဇ်ပလ္လင်ပေါ်တွင်ယဇ်များကို ပူဇော်ခြင်းဖြစ်သတည်း။-
သို့ရာတွင်ဒါဝိဒ်သည်ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရန် ထိုအရပ်သို့မသွားဝံ့။ အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏ကောင်းကင်တမန်ဋ္ဌားကိုကြောက် သောကြောင့်ဖြစ်၏။
သို့ဖြစ်၍ရှောလမုန်သည်ထာဝရဘုရား စံတော်မူရာတဲတော် တည်ရှိသည့်ဂိဗောင်မြို့ ကိုးကွယ်ဝတ်ပြုရာဌာနမှထွက်ခွာတော် မူ၍ယေရုရှလင်မြို့သို့ပြန်တော်မူ၏။-
မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။-