ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-
၁ ရာချုပ် 2:19 - Common Language Bible အဇုဘသေလွန်ပြီးနောက်ကာလက်သည် ဧဖရတ် နှင့်အိမ်ထောင်ပြု၍ဟုရနာမည်တွင်သောသား ကိုရ၏။- Garrad Bible အ ဇု ဘ သေ ပြီး မှ ဧ ဖ ရတ် ကို သိမ်း ၍၊ ဟု ရ ကို ရ ပြန် ၏။ Judson Bible အဇုဘသေသောနောက် ဧဖရတ်ကိုသိမ်း၍ ဟုရကို မြင်ပြန်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အဇုဘ ကွယ်လွန်သွားလျှင် ကာလက်သည် ဧဖရတ်နှင့်စုံဖက်၍ သားဟုရကိုရ၏။ |
ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-
ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
အောက်ဖော်ပြပါတို့သည်လည်းကာလက် ၏သားမြေးများဖြစ်ပေသည်။ ဇနီးဖြစ်သူဧဖရတ်နှင့်ကာလက်ရသော သားဦးမှာဟုရဖြစ်၏။ ဟုရ၏သားရှော ဗာလသည်ကိရယတ်ယာရိမ်မြို့ကြီးကို တည်ထောင်လေသည်။-
ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။-
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။