ကာလအနည်းငယ်ကြာသောအခါ အမ္မုန် ဘုရင်နာဟတ်မင်းကွယ်လွန်၍သူ၏သား တော်ဟာနုန်နန်းတက်၏။
၁ ရာချုပ် 19:19 - Common Language Bible ဟာဒဒေဇာ၏လက်အောက်ခံဘုရင်တို့ သည် မိမိတို့အရေးရှုံးနိမ့်ကြပြီဖြစ် ကြောင်းသိရှိလာသောအခါ ဒါဝိဒ်နှင့် စစ်ပြေငြိမ်းရန်ဆောင်ရွက်ကြလျက် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာ ကြ၏။ ရှုရိအမျိုးသားတို့သည်နောင် အဘယ်အခါ၌မျှ အမ္မုန်အမျိုးသား တို့အားစစ်ကူလိုစိတ်မရှိကြတော့ပေ။ Garrad Bible ဟာ ဒ ဒေ ဇာ မင်း ၏ လက် အောက် ခံ တို့ သည် ဣ သ ရေ လ လူ မျိုး ရှေ့ ရှုံး ကြောင်း သိ မြင် လျှင် ဒါ ဝိဒ် မင်း ထံ တောင်း ပန် တိုး လျှိုး၍ လက် အောက် ခံ ဖြစ် ရ ကြ၏။ ရှု ရိ လူ မျိုး တို့ လည်း အ မ္မုန် အ မျိုး သား တို့ ကို နောက် တစ် ဖန် စစ် ကူ ရန် တွန့် ဆုတ် ကြ ၏။ Judson Bible ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိတ်သဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တစ်ဖန် ရှုရိလူတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။ မြန်မာ့စံမီသမ္မာကျမ်း ဟာဒဒေဇာမင်းကြီး၏လက်အောက်ခံတို့သည် အစ္စရေးလူမျိုးတို့ရှေ့တွင် ရှုံးနိမ့်နေရသည်ကို သိမြင်လျှင် ဒါဝိဒ်မင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး သူ၏လက်အောက်ခံအဖြစ်နေကြ၏။ နောင်တွင် ဆီးရီးယားလူမျိုးတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့တော့ပေ။ |
ကာလအနည်းငယ်ကြာသောအခါ အမ္မုန် ဘုရင်နာဟတ်မင်းကွယ်လွန်၍သူ၏သား တော်ဟာနုန်နန်းတက်၏။
ဟာဒဒေဇာ၏လက်အောက်ခံဘုရင်များသည် ဣသရေလအမျိုးသားတို့၏လက်တွင် မိမိ တို့အရေးရှုံးနိမ့်ကြပြီဖြစ်ကြောင်းသိရှိ ကြသောအခါ ဣသရေလအမျိုးသားတို့ နှင့်စစ်ပြေငြိမ်းရန်စေ့စပ်၍သူတို့၏လက် အောက်ခံဖြစ်လာကြ၏။ ရှုရိပြည်သားတို့ သည်လည်းအမ္မုန်ပြည်သားတို့အားနောက် တစ်ဖန်စစ်မကူဝံ့ကြတော့ချေ။
ရှုရိဘုရင်ဗင်္ဟာဒဒ်သည် မိမိ၏စစ်သည်တော် အပေါင်းကိုစုရုံးစေပြီးလျှင် အခြားမင်း သုံးကျိပ်နှစ်ပါးခြံရံလျက်သူတို့၏မြင်း တပ်၊ ရထားတပ်များနှင့်အတူချီတက်၍ ရှမာရိမြို့ကိုဝိုင်းရံထားတော်မူ၏။-
ဗင်္ဟာဒဒ်သည်မိမိ၏မဟာမိတ်မင်းများနှင့် အတူ သူတို့၏တဲရှင်များတွင်သေရည်သေ ရက်သောက်လျက် နေစဉ်အာဟပ်၏ပြန်ကြား ချက်ကိုကြားသိရလေသည်။ ထိုအခါသူ သည်မိမိ၏စစ်သည်တော်များအား ရှမာရိ မြို့ကိုတိုက်ခိုက်ရန်အမိန့်ပေးသဖြင့်သူတို့ သည်နေရာယူကြကုန်၏။
ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။
ထိုနောက်ဣသရေလအမျိုးသားတို့သည် ရှုရိအမျိုးသားတို့အားတပ်လှန့်ထွက်ပြေး စေကြ၏။ ဒါဝိဒ်နှင့်သူ၏တပ်မတော်သည် ရထားစီးစစ်သူရဲခုနစ်ထောင်နှင့်ခြေလျင် တပ်သားလေးသောင်းတို့ကိုသုတ်သင်ပစ် လိုက်ကြသတည်း။ သူတို့သည်ရှုရိတပ်မှူး ရှောဗက်အားလည်းသုတ်သင်လိုက်ကြသည်။-
နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။