သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။-
၁ ရာချုပ် 16:21 - Common Language Bible သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။ Garrad Bible မည် သူ မျှ ညှဉ်း ပန်း ခွင့် မ ရ စေ ဘဲ ငါ့ ဘိ သိက် တော် ခံ တို့ ကို ထိ ခြင်း၊ ငါ့ ပ ရော ဖက် တို့ ကို ခိုက် ခြင်း မ ပြု လင့် ဟူ၍ သူ တို့ အ တွက် ဘု ရင် မင်း တို ကို ဆုံး မ တော် မူ ၏။ Judson Bible သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကိုဆုံးမလျက်၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့ကို နှိပ်စက်ဖို့ မည်သူကိုမျှအခွင့်ပေးတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး |
သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။-
ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။-
အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
ဤသို့လျှင်မောဘပြည်သားများနှင့်အမ္မုန် ပြည်သားများသည်မိမိတို့၏မာနကြီး မှု၊ မောက်မာထောင်လွှားမှုနှင့်အနန္တတန်ခိုး ရှင်ထာဝရဘုရား၏လူတို့ကိုစော်ကား မှုတို့ကြောင့်အပြစ်ဒဏ်ခံရကြလိမ့်မည်။-