သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
ဘု ရား သ ခင့် သေ တ္တာ တော် ကို သွင်း၍ ဒါ ဝိဒ် မင်း စိုက် ထား ပြီး သော တဲ တော် ဗ ဟို တွင် ထား ပြီး မှ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ဘု ရား သ ခင့် ရှေ့ တော်၌ ဆက် ကပ် ပူ ဇော် ကြ လေ၏။
ထိုသို့ ဘုရားသခင်၏သေတ္တာတော်ကိုဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။
သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာပြီး ဒါဝိဒ်မင်းကြီး စိုက်ထူထားသောတဲတော်အတွင်းတွင် ချထား၍ ထာဝရဘုရားရှေ့တော်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြလေ၏။
ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။
ထို့နောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။-
ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
မိမိအသင့်ပြင်ဆင်ထားသည့်အရပ်သို့ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် ယေရု ရှလင်မြို့တွင်ဣသရေလပြည်သားအပေါင်း တို့အားစုရုံးစေ၏။-
ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။-
(သို့ရာတွင်ပဋိညာဉ်သေတ္တာတော်မှာမူယေရု ရှလင်မြို့တွင်ရှိနေသည်။ ထိုသေတ္တာတော်ကို ဒါဝိဒ်သည်ကိရယတ်ယာရိမ်မြို့မှပင့်ဆောင် လာစဉ်အခါကမိမိတည်ဆောက်သည့်တဲ တော်တွင်ထားရှိခဲ့သတည်း။-)
အို ထာဝရဘုရား၊ တန်ခိုးတော်၏အမှတ်လက္ခဏာဖြစ်သည့် ပဋိညာဉ်သေတ္တာတော်နှင့်အတူဗိမာန်တော်သို့ ကြွလာတော်မူ၏။
ထို့နောက်သိုးအဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်း တွင်းသားများမှရှိသမျှအဆီ၊ ကျောက်ကပ် များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်း ဆုံးအပိုင်းတို့ကိုထာဝရဘုရားအားဆက် ကပ်ရမည်။-