လေဝိအနွယ်ဝင်တို့သည်မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သေတ္တာတော်ကိုထမ်းပိုးများဖြင့်ပခုန်းထက် တွင်ထမ်းကာပင့်ဆောင်ခဲ့ကြ၏။
ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ ရ မော ရှေ မှာ ထား ခဲ့ သည့် အ တိုင်း ထမ်း ပိုး လျှို ပြီး သော သေ တ္တာ တော် ကို လေ ဝိ ဂိုဏ်း သား တို့ ထမ်း ဆောင် ကြ၏။
ထာဝရဘုရား အမိန့်တော်နှင့်အညီ မောရှေမှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းပိုးဖြင့် ထမ်းကြ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
ပဋိညာဉ်သေတ္တာတော်အတွက်ကြောင့်သြဗ ဒေဒုံမိသားစုနှင့် သူပိုင်သမျှတို့ကိုထာဝရ ဘုရားကောင်းချီးပေးတော်မူကြောင်း ဒါဝိဒ် ကြားသိတော်မူသောအခါထိုသေတ္တာတော် ကိုအခမ်းအနားနှင့်တကွသြဗဒေဒုံအိမ် မှယေရုရှလင်မြို့သို့ပင့်ဆောင်တော်မူ၏။-
ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာသူတို့ သည်ခြေခြောက်လှမ်းမျှလှမ်းမိသောအခါ ဒါဝိဒ်သည်သူတို့အားရပ်စေပြီးလျှင် ထာဝရ ဘုရားအားနွားထီးတစ်ကောင်နှင့်ဆူဖြိုးသော သိုးတစ်ကောင်ကိုယဇ်ပူဇော်လေသည်။-
ထမ်းပိုးအစွန်းတို့ကိုဗိမာန်တော်အလွန်သန့် ရှင်းရာဌာန၏ရှေ့တည့်တည့်မှနေ၍တွေ့မြင် နိုင်၏။ သို့ရာတွင်အခြားအဘယ်နေရာမှ နေ၍မမြင်နိုင်။ (ထိုထမ်းပိုးတို့သည်ယနေ့ တိုင်အောင်ထိုနေရာ၌ရှိနေ၏။-)
ထာဝရဘုရားသည်ထိုခဏ၌အမျက်ထွက် တော်မူ၍ သြဇအားပဋိညာဉ်သေတ္တာတော်ကို တို့ထိသည့်အတွက်သေဒဏ်ပေးတော်မူ၏။ သြဇသည်ထိုအရပ်၌ပင်ဘုရားသခင်၏ ရှေ့တော်ဝယ်သေလေ၏။-
ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။-
ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
ကောဟတ်သားချင်းစုတို့သည် မိမိတို့ကြည့် ရှုထိန်းသိမ်းရသောတဲတော်ဆိုင်ရာပစ္စည်း များကို ပခုံးပေါ်တွင်ထမ်းရသောကြောင့် မောရှေသည်သူတို့အတွက်လှည်းနှင့် နွားများကိုမပေးအပ်ချေ။
တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-