အိုမင်းလာချိန်၌လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်စေကြ၏။ မင်းကြီး သည်ခမည်းတော်ဒါဝိဒ်ကဲ့သို့ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသစ္စာမစောင့်ဘဲ၊-
၁ ရာချုပ် 12:38 - Common Language Bible တိုက်ပွဲဝင်ရန်အသင့်ရှိသောဤစစ်သူရဲ အပေါင်းတို့သည် ဒါဝိဒ်အားဣသရေလနိုင်ငံ တစ်ဝှမ်းလုံးကိုအစိုးရသောဘုရင်အဖြစ်ဖြင့် ချီးမြှောက်ကြရန်သန္နိဋ္ဌာန်ပြုလျက်ဟေဗြုန်မြို့ သို့သွားကြ၏။ ကျန်ဣသရေလပြည်သား အပေါင်းတို့သည်လည်း ထိုရည်ရွယ်ချက် ဖြင့်တစ်စိတ်တစ်သဘောတည်းရှိကြ၏။- Garrad Bible ထို သူ အ ပေါင်း တို့ သည် စစ် ခင်း ကျင်း ခြင်း ကျွမ်း ကျင် သော သူ များ ဖြစ် လျက် ဣ သ ရေ လ တစ် မျိုး လုံး အ ပေါ် တွင် ဒါ ဝိဒ် ကို မင်း မြှောက် ခြင်း ငှာ စိတ် ပါ ကိုယ် ရောက် ဟေ ဗြုန် မြို့ သို့ ရောက် လာ၍ ကြွင်း ကျန် သော ဣ သ ရေ လ လူ မျိုး တို့ လည်း ဒါ ဝိဒ် ကို မင်း မြှောက် ရန် သ ဘော တူ ညီ ကြ ၏။ Judson Bible စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ ကြည်ညိုသောစိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီတညွတ်တည်း ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤစစ်သူရဲအားလုံးတို့သည် စစ်မြေပြင်တွင် အမိန့်ကို စိတ်နှလုံးအကြွင်းမဲ့နာခံတတ်သူများ ဖြစ်၏။ ဒါဝိဒ်ကို အစ္စရေးတစ်မျိုးနွယ်လုံး၏ဘုရင်အဖြစ် တင်မြှောက်ရန် ဟေဗြုန်မြို့သို့ ရောက်လာကြသူများလည်း ဖြစ်၏။ ကျန်အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ဒါဝိဒ်ကို မင်းမြှောက်ရန် တစ်စိတ်တစ်သဘောတည်းရှိကြ၏။ |
အိုမင်းလာချိန်၌လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်စေကြ၏။ မင်းကြီး သည်ခမည်းတော်ဒါဝိဒ်ကဲ့သို့ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသစ္စာမစောင့်ဘဲ၊-
ကိုယ်တော်၏လူမျိုးတော်ဖြစ်သူသင်တို့သည် လည်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားသစ္စာစောင့်၍ ယနေ့ကျင့်သကဲ့သို့ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို အစဉ်အမြဲလိုက်နာနိုင်ကြပါစေသော'' ဟု မြွက်ဆိုတော်မူ၏။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
သူတို့သည်မိမိတို့၏အမျိုးသားများပြင် ဆင်ကျွေးမွေးသောအစားအသောက်များကို စားသောက်ကာ သုံးရက်တိုင်တိုင်ဒါဝိဒ်နှင့် အတူနေကြ၏။-
ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။
ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။-