တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
၁ ယော 3:7 - Common Language Bible သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။- Garrad Bible သူ ငယ် တို့၊ မည် သူ မျှ သင် တို့ ကို မ လှည့် ဖြား စေ နှင့်။ ဖြောင့် မတ် စွာ ပြု ကျင့် သူ သည် ကိုယ် တော် ဖြောင့် မတ် တော် မူ သည့် နည်း တူ ဖြောင့် မတ် ၏။ Judson Bible ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော် ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည် ဖြောင့်မတ်ခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… မည်သူမျှ သင်တို့ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်စွာ ပြုမူသောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသကဲ့သို့ ဖြောင့်မတ်၏။ |
တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။ သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည် အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက် ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။
ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ကျင့် သုံးရာတွင် သင်တို့သည်ဖာရိရှဲနှင့်ကျမ်းတတ် ဆရာတို့ထက်မသာလျှင် ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်ဟုငါဆို၏။
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲနှစ်သက်လက်ခံ တော်မူ၏။-
လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။-
ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊-
အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
သို့ရာတွင်သားတော်အားမိန့်တော်မူသော အခါ၌ကိုယ်တော်က၊ ``အို ဘုရားသခင်၊ကိုယ်တော်၏နိုင်ငံတော်သည် ကာလအစဉ်တည်လိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား တရားမျှတစွာအုပ်စိုးပါ၏။
သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-)
တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။-
ဘုရားတစ်ဆူတည်းသာရှိသည်ကိုယုံကြည် ၏။ ကောင်းပေ၏။ နတ်မိစ္ဆာများပင်လျှင်ထိုသို့ ယုံကြည်၍ကြောက်ရွံ့တုန်လှုပ်ကြ၏။-
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-
ငါ၏သားသမီးတို့၊ သင်တို့သည်အပြစ် မကူးကြစေရန်ဤစာကိုငါရေးလိုက်၏။ သို့ရာတွင်အကယ်၍တစ်စုံတစ်ယောက်သော သူသည်အပြစ်ကူးမိပါမူ ခမည်းတော် ထံတွင်ငါတို့အတွက်အသနားခံသည့်ဖြောင့် မတ်တော်မူသောအရှင်ယေရှုခရစ်ရှိပေ သည်။-
သင်တို့အားမှောက်မှားလမ်းလွဲစေရန်ကြိုးစား သူတို့၏အကြောင်းနှင့်ပတ်သက်၍ ဤအကြောင်း အရာများကိုငါစာရေးလိုက်၏။-
ခရစ်တော်သည်ဖြောင့်မတ်တော်မူသည်ကို သင်တို့သိကြ၏။ သို့ဖြစ်၍အမှန်တရား ကိုကျင့်သုံးသူသည်ဘုရားသခင်၏သား သမီးဖြစ်ကြောင်းကိုသင်တို့သိကြ၏။
သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
ခရစ်တော်ကိုအမှီပြု၍ထိုသို့မျှော်လင့် တောင့်တသူသည် ခရစ်တော်သန့်ရှင်းဖြူစင် တော်မူသကဲ့သို့မိမိကိုယ်ကိုသန့်ရှင်းဖြူ စင်စေတတ်၏။
ငါတို့၌ကိုယ်တော်၏မေတ္တာတော်ပြည့်ဝစုံ လင်ခြင်းအားဖြင့် တရားစီရင်တော်မူရာနေ့ ၌ငါတို့သည်ရဲရင့်တည်ကြည်မှုကိုရရှိနိုင် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်လောက ၌ငါတို့သည်ခရစ်တော်နည်းတူအသက် ရှင်ကြသောကြောင့်ဖြစ်၏။-