ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
၁ ယော 2:5 - Common Language Bible သို့ရာတွင်ကိုယ်တော်၏စကားတော်ကိုနား ထောင်သူသည် အကယ်ပင်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝစုံလင်၏။ သို့မှ သာကျွန်ုပ်တို့သည်ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်းသေချာသိ ပေသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်ကြောင်းသေချာသိသူသည် သခင်ယေရှုခရစ်၏ခြေတော်ရာကို လိုက်လျှောက်သူဖြစ်မည်။ Garrad Bible တ ရား တော် ကို စောင့် ရှောက် သူ၌ မူ ကား ဘု ရား သ ခင် အား ချစ် ခြင်း မေ တ္တာ မု ချ စုံ လင် ပြီ။ ထို သို့ သော အား ဖြင့် လည်း ငါ တို့ သည် ကိုယ် တော်၌ တည် နေ ကြောင်း သိ ရ ကြ၏။ Judson Bible ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် မည်သူမဆို ဘုရားသခင်၏စကားကို လိုက်နာစောင့်ထိန်းလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ထိုသူ၌ အမှန်ပင်ပြည့်စုံ၏။ ဤသို့ဖြင့် ငါတို့သည် ဘုရားသခင်၌ရှိသည်ကို သိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။ |
ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုဟစ်ခေ"ပါ၏။ ကွန်တော်မျိုးအားကယ်တော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုစောင့်ထိန်းပါမည်။
သွန်သင်တော်မူခက်တို့ကိုလိုက်နာ၍ ကိုယ်တော်၏စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့ ခံယူသူတို့သည်မင်္ဂလာရှိကြ၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်မိမိ၏ပညတ်တော်တို့ကို ကွန်တော်မျိုးတို့အားပေးအပ်တော်မူလက် ယင်းတို့ကိုတစ်သဝေမတိမ်းလိုက်နာကြ ရန် မှာကြားတော်မူပါပြီ။
တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင် တတ်၏။
ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။-
သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။-
ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည်ငါ၌ကျိန်းဝပ်၏။ ငါသည်လည်းထိုသူ ၌ကျိန်းဝပ်၏။-
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။
သူ၏ယုံကြည်ခြင်းသည်အကျင့်နှင့်ဒွန်တွဲ လျက်နေသည်ကို သင်မသိမမြင်သလော။ အကျင့်အားဖြင့်သူ၏ယုံကြည်ခြင်းကို ပြည့်ဝစုံလင်၍လာ၏။-
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။
ငါတို့၌ကိုယ်တော်၏မေတ္တာတော်ပြည့်ဝစုံ လင်ခြင်းအားဖြင့် တရားစီရင်တော်မူရာနေ့ ၌ငါတို့သည်ရဲရင့်တည်ကြည်မှုကိုရရှိနိုင် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်လောက ၌ငါတို့သည်ခရစ်တော်နည်းတူအသက် ရှင်ကြသောကြောင့်ဖြစ်၏။-
ချစ်ခြင်းမေတ္တာ၌ကြောက်စိတ်မရှိနိုင်။ ပြည့်ဝ စုံလင်သည့်မေတ္တာသည်ကြောက်စိတ်ကိုပယ်ရှား တတ်၏။ ကြောက်စိတ်သည်အပြစ်ဒဏ်ခံရမှုကို စောင့်မျှော်တတ်သဖြင့်ကြောက်စိတ်ရှိသူ၌ မေတ္တာပြည့်ဝစုံလင်ခြင်းမရှိပေ။
ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။-
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
ချစ်ခြင်းဆိုသည်မှာကိုယ်တော်၏ပညတ်တော် တို့ကိုလိုက်နာကျင့်သုံးခြင်းပင်တည်း။ အစ ကတည်းကပင်လျှင် သင်တို့အားလုံးကြားနာ ခဲ့ရသည့်ပညတ်တော်မှာမေတ္တာတရားကို ကျင့်သုံးရမည်ဟူ၍ဖြစ်သတည်း။
ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။-
ဘုရားသခင်၏ပညတ်တော်ကိုစောင့်ထိန်း၍ ခရစ်တော်ကိုသစ္စာရှိကြသောဘုရားသခင် ၏လူစုတော်သည် ဤအခြေအနေမျိုး၌ခံ နိုင်ရည်ရှိရန်လိုပေသည်။