သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန် ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
၁ ယော 2:12 - Common Language Bible သားသမီးတို့၊ သင်တို့သည်ခရစ်တော်အတွက် ကြောင့်အပြစ်လွတ်ပြီဖြစ်၍သင်တို့ထံငါ စာရေးလိုက်၏။- Garrad Bible အ ချင်း သူ ငယ် တို့၊ နာ မ တော့် အ တွက် ကြောင့် သင် တို့ အ ပြစ် ပြေ လွတ် ပြီး ဖြစ်၍ သင် တို့ ထံ ငါ ရေး လိုက်၏။ Judson Bible ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ သင်တို့သည် ခရစ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံရပြီဖြစ်သောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… သင်တို့သည် ကိုယ်တော်၏ နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံထားရသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ |
သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန် ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အပြစ်တို့သည်များလှပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်၏ကတိတော်ကို တည်စေတော်မူလျက်ကျွန်တော်မျိုး၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
ကိုယ်တော်သည်ထိုသူတို့၌ယုံကြည်ခြင်းရှိပုံ ကိုမြင်တော်မူလျှင်လေဖြတ်သူအား ``အချင်း လူ၊ သင်၏အပြစ်ကိုဖြေလွှတ်ပြီ'' ဟုမိန့်တော် မူ၏။
ကိုယ်တော်ကိုသက်ဝင်ယုံကြည်သူအပေါင်း တို့သည် ကိုယ်တော်၏နာမတော်တန်ခိုးအား ဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ခြင်းခံ ရကြလတ္တံ့ဟူ၍ ကိုယ်တော်၏အကြောင်းကို ပရောဖက်အပေါင်းတို့ဟောပြောခဲ့ကြ၏'' ဟုမြွက်ဆိုလေသည်။
ညီအစ်ကိုတို့၊ ထိုအရှင်ကိုအမှီပြု၍အပြစ် ပြေလွှတ်ခြင်းအကြောင်းကို သင်တို့အားငါ ပြောကြားလျက်ရှိသည်ကိုလည်းကောင်း၊ ထို အရှင်ကိုယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားက မဖြေမလွှတ် နိုင်သည့်အပြစ်ဟူသမျှမှပြေလွတ်နိုင် ကြောင်းကိုလည်းကောင်းသိမှတ်ကြလော့။-
ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
ငါတို့သည်ခရစ်တော်အသေခံတော်မူခြင်း ကြောင့်၊ မိမိတို့အပြစ်၏အနှောင်အဖွဲ့မှလွတ် မြောက်ကြရ၏။ တစ်နည်းအားဖြင့်အပြစ်ဖြေ လွှတ်ခွင့်ကိုရရှိကြ၏။ ငါတို့အားဘုရား သခင်ဤကဲ့သို့ရက်ရောစွာချပေးတော်မူ သည့်ကျေးဇူးတော်သည်အလွန်ကြီးမြတ် လှပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောဉာဏ်ပညာအသိပညာနှင့်ကြွယ်ဝ ပြည့်စုံတော်မူသည်နှင့်အညီ၊-
သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။
ဘုရားသခင်သည်ထိုသားတော်အားဖြင့်ငါ တို့ကိုလွတ်မြောက်စေတော်မူပြီ။ တစ်နည်း အားဖြင့်ငါတို့၏အပြစ်များကိုဖြေလွှတ် တော်မူပြီ။
ငါတို့သည်ရွှင်လန်းဝမ်းမြောက်မှုကိုအပြည့် အဝခံစားနိုင်ကြစေရန် ဤအကြောင်း အရာများကိုစာရေးလိုက်သည်။
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။
သို့ရာတွင်အပြစ်ဝန်ချကြလျှင်ဘုရား သခင်သည်ကတိတည်တော်မူ၍တရားမျှတ တော်မူသောအရှင်ဖြစ်တော်မူသဖြင့် ငါတို့ ၏အြုပစ်များကိုဖြေလွှတ်၍ငါတို့အား ဒုစရိုက်အညစ်အကြေးအပေါင်းတို့နှင့် ကင်းစင်စေတော်မူလိမ့်မည်။-
ငါ၏သားသမီးတို့၊ သင်တို့သည်အပြစ် မကူးကြစေရန်ဤစာကိုငါရေးလိုက်၏။ သို့ရာတွင်အကယ်၍တစ်စုံတစ်ယောက်သော သူသည်အပြစ်ကူးမိပါမူ ခမည်းတော် ထံတွင်ငါတို့အတွက်အသနားခံသည့်ဖြောင့် မတ်တော်မူသောအရှင်ယေရှုခရစ်ရှိပေ သည်။-
သင်တို့ထံငါစာရေးရခြင်းအကြောင်းမှာ သမ္မာတရားကိုသင်တို့မသိကြ၍မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ မုသားစကား သည် သမ္မာတရားနှင့်မည်သို့မျှမသက်ဆိုင် သည်ကိုလည်းကောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။
ချစ်ဆွေတို့၊ သင်တို့ထံသို့ငါစာရေးသား ဖော်ပြနေသည့်ပညတ်သည်အသစ်မဟုတ်။ အစမူလကတည်းကသင်တို့ရရှိထား ကြသည့်ပညတ်ဟောင်းဖြစ်၏။ ထိုပညတ် ဟောင်းကား သင်တို့ကြားနာခဲ့ရသည့် တရားတော်ပင်ဖြစ်ပေသည်။-