``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
၁ ယော 1:6 - Common Language Bible သို့ဖြစ်၍ငါတို့သည်ကိုယ်တော်နှင့်မိတ်သဟာ ယဖွဲ့ရကြလေပြီဟုဆိုလျက် အမှောင်တွင် ကျင်လည်နေကြပါမူနှုတ်အားဖြင့်လည်း ကောင်း၊ အကျင့်အားဖြင့်လည်းကောင်းလိမ်လည် သူများဖြစ်ကြ၏။- Garrad Bible ငါ တို့ သည် ကိုယ် တော် နှင့် ဆက် ဆံ ခွင့် ရ သည် ဟု ဆို လျက် မှောင် မိုက်၌ သွား လာ လျှင် အ ဟုတ် အ မှန် မ ကျင့် ကြံ ဘဲ မု သာ သုံး ကြ ၏။ Judson Bible ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီဟု ဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရားကိုမကျင့်။ မုသားကိုသုံးသောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းရှိ၏ဟု ဆိုလျက်နှင့် အမှောင်ထဲ၌အသက်ရှင်လျှောက်လှမ်းနေကြလျှင် ငါတို့သည် လိမ်လည်ပြောဆိုသည်ဖြစ်၍ သမ္မာတရားကိုကျင့်သုံးနေကြသည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် “ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သည်” ဟု ဆိုသော်လည်း အမှောင်ထဲတွင် ကျင်လည်နေဆဲဖြစ်လျှင် သမ္မာတရားကို မကျင့်ဘဲ လိမ်လည်သူများဖြစ်၏။ |
``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
တရားစီရင်ရာနေ့ရက်ရောက်သောအခါ `သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်ကိုအမှီပြု ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောကြားခဲ့ ကြသည်မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကို အမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ခဲ့ကြသည် မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကိုအမှီ ပြု၍ အံ့သြဖွယ်အမှုအရာများကိုပြုခဲ့ကြ သည်မဟုတ်ပါလော' ဟုလူအများပင်ငါ့အား ပြောကြားကြလိမ့်မည်။-
ညအချိန်၌သွားလာသူမူကားအလင်း ရောင်ကိုမရသဖြင့် ခလုတ်ထိ၍လဲတတ်၏'' ဟုမိန့်တော်မူ၏။-
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။-
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့သော်လည်းထိုအရှင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကယ်၍ငါမသိဟုဆို လျှင်ငါသည်သင်တို့နည်းတူလိမ်လည်ပြော ဆိုသူဖြစ်ပေအံ့။ ငါသည်ခမည်းတော်ကို အကယ်ပင်သိ၍ကိုယ်တော်၏စကားကို နားထောင်၏။-
မိမိတို့၏သြတ္တပ္ပစိတ်တွင်သံပူခတ်ခြင်းခံရ သကဲ့သို့ သြတ္တပ္ပစိတ်ကင်းမဲ့သောလိမ်လည် လှည့်ဖြားတတ်သူတို့သည်ထိုသြဝါဒ များကိုပေးကြ၏။-
ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။-
သင်တို့က``သင်တို့ကိုဘုရားသခင်ကောင်းချီး ပေးတော်မူပါစေ။ နွေးနွေးနေကြလော့။ ဝစွာ စားကြလော့'' ဟုဆိုလျက်သူတို့လိုအပ်သည့် အသုံးအဆောင်ကိုမပေးဘဲနေပါမူ အဘယ်အကျိုးရှိပါမည်နည်း။-
သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-
အကယ်၍မိမိတို့သည်အပြစ်ကူးသူများ မဟုတ်ဟုငါတို့ဆိုပါမူ ဘုရားသခင်အား မုသားသုံးတော်မူသောအရှင်ဟုစွပ်စွဲပြော ဆိုရာရောက်လျက်နှုတ်ကပတ်တော်သည်ငါတို့ ၌မရှိ။
ငါတို့သည်ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်လည်း ကောင်း၊ မိတ်သဟာယဖွဲ့ရကြသည်ဖြစ်ရာ သင်တို့သည်လည်း ငါတို့နှင့်အတူထိုမိတ် သဟာယတွင်ပါဝင်ခွင့်ကိုရရှိကြစေရန် ငါတို့တွေ့မြင်ကြားသိခဲ့ရသည့်အမှု အရာကိုသင်တို့အားဖော်ပြ၏။-
ငါတို့သည်အပြစ်သားများမဟုတ်ဟုဆို ပါမူ ငါတို့သည်မိမိတို့ကိုယ်ကိုလှည့်စား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။-
ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-
ဘုရားသခင်ကိုချစ်ပါသည်ဟုဆိုလျက် ညီအစ်ကိုကိုမုန်းသောသူသည်လူလိမ်ဖြစ် ၏။ အဘယ်ကြောင့်ဆိုသော်မျက်စိဖြင့်မြင်ရသူ ညီအစ်ကိုကိုမချစ်နိုင်သောသူသည် မျက်စိ ဖြင့်မမြင်ရသည့်ဘုရားသခင်ကိုချစ်နိုင် မည်မဟုတ်သောကြောင့်တည်း။-