ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
၁ ကော 7:16 - Common Language Bible အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ Garrad Bible အ ချင်း မ ယား ဖြစ် သူ၊ လင် ကို သင် ကယ် တင် မည်၊ မ ကယ် တင် မည် ကို မည် သို့ သိ နိုင် သ နည်း။ အ ချင်း လင် ဖြစ် သူ၊ မ ယား ကို သင် ကယ် တင် မည်၊ မ ကယ် တင် မည် ကို မည် သို့ သိ နိုင် သ နည်း။ Judson Bible အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း အသင်မိန်းမ၊ သင်သည် မိမိလင်ယောက်ျားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။ အသင်ယောက်ျား၊ သင်သည် မိမိမယားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသင် အမျိုးသမီး… သင်၏ ခင်ပွန်းသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်၏ ဇနီးသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။ |
ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။
ငါသည်မိမိ၏အမျိုးသားများအားမနာ လိုစိတ်ကိုရှိစေခြင်းအားဖြင့် ၎င်းတို့အထဲ မှအချို့တို့သည်ကယ်တင်ခြင်းကိုရကောင်း ရလိမ့်မည်။-
ငါသည်ယုံကြည်မှုအားနည်းသူတို့အထဲ သို့ရောက်သောအခါ ထိုသူတို့ကိုကယ်တင်နိုင် ရန်ငါသည်ယုံကြည်မှုအားနည်းသူကဲ့သို့ နေထိုင်၏။ အချို့သောသူတို့ကိုတစ်နည်း နည်းအားဖြင့် ကယ်တင်နိုင်ရန်ငါသည်လူ အမျိုးမျိုးအထဲ၌အမျိုးမျိုးနေထိုင်၏။
သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။